နိုင်ငံတကာခရီးသွားများအတွက် အောက်တိုဘာ ၁၄ ရက်မှစကာ ဘာလီကို ပြန်လည်ဖွင့်လှစ်မည်


  

ဂျကာတာ  အောက်တိုဘာ   ၄ 


အင်ဒိုနီးရှားနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုများ လျော့နည်းကျဆင်းလာပြီဖြစ်သောကြောင့် သတ်မှတ် ထားသည့်နိုင်ငံများမှ နိုင်ငံခြားသားခရီးသွားများကို ဘာလီသို့လာရောက်လည်ပတ်နိုင်ရန် နိုင်ငံတကာလေကြောင်းလိုင်းများကို အောက်တိုဘာ ၁၄ ရက်မှစကာ ပြန်လည်ဖွင့်လှစ်ပေးတော့မည်ဖြစ်ကြောင်း အစိုးရအရာရှိတစ်ဦးက ပြောသည်။ 
အင်ဒိုနီးရှားနိုင်ငံသည်   တောင်ကိုရီးယား၊ တရုတ်၊ ဂျပန်၊ နယူးဇီလန်နှင့် အာရပ်စော်ဘွားများပြည်ထောင်စု၏ အဘူဒါဘီနှင့် ဒူဘိုင်းတို့မှ နိုင်ငံတကာခရီးသွားများကို လက်ခံသွားမည်ဖြစ်ကြောင်း ပင်လယ်ရေကြောင်းနှင့် ရင်းနှီးမြှုပ်နှံမှုရေးရာ ညှိနှိုင်းရေးဝန်ကြီး လူဟတ်ဘင်ဆာပန်ဂျိုင်တန်က ဗာကျူရယ်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ 
နိုင်ငံတကာခရီးသွားများကို ကျန်းမာရေးစစ်ဆေးမှုများနှင့် အနည်းဆုံးရှစ်ရက်ကြာ ခွဲခြားစောင့်ကြည့် မှုပြုရန် ဟိုတယ်စာရင်းသွင်းထားသည့်အထောက်အထားရှိမှသာ ကျွန်းစုနိုင်ငံသို့ ဝင်ရောက်ခွင့်ပြုမည်ဖြစ် သည်။  အင်ဒိုနီးရှားအစိုးရသည် အောက်တိုဘာ ၄ ရက်တွင်  သက်တမ်းကုန်မည့် (PPKM) ဟုခေါ်သော ပြည်သူ့လှုပ်ရှားမှုဆိုင်ရာ ကန့်သတ်ချက်များကို အောက်တိုဘာ ၁၈ ရက်အထိ ထပ်မံသက်တမ်း  တိုးမြှင့်လိုက် သည်။                                                                                                                          ဆင်ဟွာ