အိန္ဒိယနိုင်ငံတွင် လက်ရှိ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူအရေအတွက် ရက် ၂၀၀ အတွင်း အနည်းဆုံးဖြစ် 


 

နယူးဒေလီ အောက်တိုဘာ   ၄


အိန္ဒိယနိုင်ငံတွင် အောက်တိုဘာ ၄ ရက်က  ကိုဗစ်-၁၉ ထပ်မံ ကူးစက်ဖြစ်ပွားသူ ၂၀၇၉၉ ဦး ရှိလာမှုနှင့်အတူ     ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူပေါင်းသည် အောက်တိုဘာ  ၄ ရက်အထိ   ၃၃၈၃၄၇၀၂ ဦးအထိ ရောက်ရှိ လာခဲ့ကြောင်း    ကျန်းမာရေး ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ဆိုင်ရာ  နောက်ဆုံးထုတ်ပြန်လိုက်သော အချက်အလက်များတွင် ဖော်ပြ ထားသည်။ 
ထို့အပြင် ကိုဗစ်-၁၉ ကြောင့် ထပ်မံသေဆုံးသူ ၁၈၀  ရှိလာမှုနှင့် အတူ   စုစုပေါင်း   ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ  ၄၄၈၉၉၇ ဦးအထိ   ရောက်ရှိလာခဲ့သည်။ နိုင်ငံအတွင်း လက်ရှိ  ကိုဗစ်-၁၉ ကူးစက်              ဖြစ်ပွားလျက်ရှိသူ ၂၆၄၄၅၈  ဦး ရှိသည်။ 
လက်ရှိ ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားသည့်     ပမာဏသည်  ရက်ပေါင်း   ၂၀၀  အတွင်း အနည်း ဆုံးဖြစ်ကြောင်း             ကျန်းမာ ရေးဝန်ကြီးဌာနက        ဖော်ပြ သည်။ 
ယခုအချိန်အထိ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုမှ  ပြန်လည် ကောင်းမွန်လာပြီး       ဆေးရုံမှ ဆင်းလာသူ ၃၃၁၂၁၂၄၇ ဦး ရှိလာ ပြီ ဖြစ်သည်။  
ဆင်ဟွာ