
တိုကျို အောက်တိုဘာ ၄
ဂျပန်နိုင်ငံရှိ လူဦးရေ၏ ၆၀ ရာခိုင် နှုန်းကျော် ကိုဗစ်-၁၉ ကာကွယ် ဆေး ဒုတိယအကြိမ်ထိုးနှံမှု ခံယူ ခဲ့သည်။
ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးသည့် အချက်အလက်များကို အစိုးရက အောက်တိုဘာ ၄ ရက် တွင် ထုတ်ပြန်လိုက်သည်။
အဆိုပါစာရင်းတွင် ဂျပန် နိုင်ငံလူဦးရေတစ်ခုလုံး၏ ၉၀ ဒသမ ၂ သန်းကျော် သို့မဟုတ် ၇၁ ဒသမ ၃ ရာခိုင်နှုန်းကျော် သည် ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံမှုခံယူခဲ့ ကြောင်းနှင့် ၇၇ ဒသမ ၁ သန်း ကျော် သို့မဟုတ် ၆၀ ဒသမ ၉ ရာခိုင်နှုန်းမှာ ကိုဗစ်-၁၉ ကာကွယ် ဆေး အပြည့်အဝထိုးနှံမှုခံယူခဲ့ ကြောင်း သိရသည်။
အဆိုပါ တွက်ချက်ဖော်ပြမှု တွင် အနည်းဆုံး အသက် ၁၂ နှစ် အောက်ကလေးများနှင့် ကာကွယ် ဆေးထိုးရန် မသင့်တော်သော ကလေးများလည်း ပါဝင်သည်။
နိုင်ငံအတွင်း ကာကွယ်ဆေး ထိုးပြီးသူပေါင်း ၁၆၇ ဒသမ ၄ သန်းကျော်ရောက်ရှိလာပြီ ဖြစ် သည်။
အသက်အရွယ်အုပ်စုအား ဖြင့် အသက်ကြီးပိုင်းအရွယ် များဖြစ်သည့် အသက် ၆၅ နှစ်နှင့် အထက် ၈၉ ဒသမ ၄ ရာခိုင်နှုန်းမှာ ဒုတိယအကြိမ်ကာကွယ်ဆေးထိုးနှံမှုခံယူပြီးပြီဖြစ်သည်။ အသက် ၄၀ ကျော်အရွယ် ၅၄ ဒသမ ၁ ရာခိုင်နှုန်း၊ အသက် ၂၀ ကျော် အရွယ် ၃၉ ဒသမ ၄ ရာခိုင်နှုန်း၊ အသက် ၁၂ နှစ်နှင့် ၁၉ နှစ်ကြား ၂၆ ဒသမ ၈ ရာခိုင်နှုန်း ကိုဗစ်-၁၉ ကာကွယ်ဆေးအပြည့်အဝထိုးနှံ ပြီးပြီဖြစ်သည်။
ကာကွယ်ဆေး ထိုးခံယူချင် သည့် နိုင်ငံသားများအားလုံး အောက်တိုဘာလ သို့မဟုတ် နိုဝင်ဘာလ အစောပိုင်းတွင် ကာကွယ်ဆေးများ ပြီးဆုံးအောင် ထိုးနှံရန် အစိုးရက စီစဉ်ထား သည်။
အင်န်အိတ်ချ်ကေ