
ဂျေရုဆလင် အောက်တိုဘာ ၄
အစ္စရေးနိုင်ငံသည် ဘူဂေးရီးယားနိုင်ငံ၊ ဘရာဇီးနိုင်ငံ နှင့် တူရကီနိုင်ငံတို့အား ကိုဗစ်-၁၉ ရောဂါကြောင့် ချမှတ်ထားသည့် ခရီးသွားလာခွင့်ပိတ်ပင်ထားမှုကို ပြန်လည်ရုပ်သိမ်းခဲ့ကြောင်း အစ္စရေးကျန်းမာရေး ဝန်ကြီးဌာနက ပြောကြားသည်။
အဆိုပါနိုင်ငံသုံးနိုင်ငံမှ ခရီးသွားများသည် အစ္စရေးနိုင်ငံသို့ လာရောက်စဉ်တွင် ၂၄ နာရီကြာ သီးသန့်ခွဲခြားစောင့်ကြည်မှုခံယူရမည်ဖြစ်ကြောင်းလည်း အစ္စရေးကျန်းမာရေးဝန်ကြီးဌာနက ပြောကြား သည်။
အစ္စရေးနိုင်ငံ၌ ယနေ့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၆၅၃ ဦး ထပ်မံတွေ့ရှိခြင်းကြောင့် နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၁၂၉၁၈၀၈ ဦးရှိလာကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၁၆ ဦး ထပ်တိုးလာသဖြင့် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူစုစုပေါင်း ၇၈၂၇ ဦးရှိလာကြောင်းလည်း သိရသည်။
လက်ရှိတွင် အစ္စရေးနိုင်ငံ၌ နိုင်ငံလူဦးရေ၏ ၆၅ ဒသမ ၄ ရာခိုင်နှုန်း သို့မဟုတ် လူဦးရေ ၆ ဒသမ ၁၄ သန်းသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တစ်ကြိမ် ထိုးနှံပြီးဖြစ်ကြောင်း၊ လူဦးရေ ၅ ဒသမ ၆ သန်းကျော်သည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးဖြစ်ကြောင်းနှင့် လူဦးရေ ၃ ဒသမ ၅ သန်းကျော်သည် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး တတိယအကြိမ် ထိုးနှံပြီးဖြစ်ကြောင်း သိရ သည်။
ကိုးကား-ဆင်ဟွာ၊ ဘာသာပြန်-အလင်းသစ်