
ဘရပ်ဆဲလ် အောက်တိုဘာ ၅
ဖိုက်ဇာ ကိုဗစ်-၁၉ ကာကွယ်ဆေး ကို အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား နောက်ထပ် တစ်ကြိမ် အပိုဆောင်း၍ ထိုးပေး ရန် ဥရောပသမဂ္ဂ ဆေးဘက်ဆိုင် ရာ ကြီးကြပ်သူများက ထောက်ခံ ချက်ပေးခဲ့ သည်ဟု သိရသည်။
အောက်တိုဘာ ၄ ရက်တွင် ဥရောပဆေး အေဂျင်စီက ထောက်ခံချက် ပေးခဲ့ခြင်းဖြစ် သည်။
တတိယအကြိမ် ကာကွယ် ဆေးထိုးမပေးမီ ကာကွယ်ဆေး နှစ်ကြိမ် အရင်ထိုးပေးရန်သာ ဦးစားပေး အစီအစဉ်အဖြစ် ဥရောပဆေးအေဂျင်စီက အတည် ပြုပေးထားခဲ့သည်။
တတိယအကြိမ် ကာကွယ် ဆေးထိုးပေးရမည့် သူများမှာ ဒုတိယအကြိမ် ကာကွယ်ဆေးထိုး ပြီး အနည်းဆုံး ၂၈ ရက်ရှိ ရမည်ဖြစ်ပြီး ကိုယ်ခံအားစနစ် ဆိုးဆိုးရွားရွား အားနည်းသူများ ကိုသာ ထိုးပေးရန် ဥရောပဆေး အေဂျင်စီက ဖော်ပြခဲ့သည်။
အသက် ၁၈ နှစ်နှင့်အထက် များကိုမူ ဒုတိယအကြိမ်ကာကွယ် ဆေးထိုးပြီးသည်မှာ အနည်းဆုံး ခြောက်လရှိပြီးမှသာ တတိယ အကြိမ် ကာကွယ်ဆေးထိုးပေးရန် အေဂျင်စီက ပြောသည်။
တတိယအကြိမ် ကာကွယ် ဆေးအတွက် မော်ဒါနာဆေးကို ခွင့်ပြုပေးရန် အတွက်လည်း အချက်အလက်များကို အကဲဖြတ် နေသည်ဟု ဥရောပဆေး အေဂျင်စီက ပြောသည်။
ပြင်သစ်နှင့် ဂျာမနီနိုင်ငံတို့ သည် ပြီးခဲ့သည့်လအတွင်းမှ စတင်ကာ သက်ကြီးရွယ်အိုများနှင့် ထိခိုက်လွယ်သူများကို ကိုဗစ် -၁၉ ကာကွယ်ဆေး တတိယအကြိမ် ထိုးပေးမှုများပြုလုပ်ခဲ့သည်။
အင်န်အိတ်ချ်ကေ