တူရကီတွင် နောက်ထပ် ကိုဗစ် - ၁၉ ကူးစက်ခံရသူ ၂၈၈၁၀ တွေ့ရှိ 


 

အင်ကာရာ အောက်တိုဘာ  ၅


 တူရကီနိုင်ငံတွင်   အောက်တိုဘာ ၄ ရက်   ကိုဗစ် - ၁၉  နောက်ထပ် ကူးစက်ခံရသူ ၂၈၈၁၀ ထပ်မံ တွေ့ရှိခဲ့ပြီး စုစုပေါင်းကူးစက်ခံ ရသူ ၇၂၆၇၀၇၇ ဦး  ရှိလာခဲ့သည် ဟု  တူရကီကျန်းမာရေးဝန်ကြီး ဌာန၏     ထုတ်ပြန်ချက်အရ သိရသည်။ 
ပြီးခဲ့သည့်  ၂၄   နာရီအတွင်း ပြန်လည်ကျန်းမာလာသူ ၃၃၁၅၂ ဦး တိုးလာခဲ့သည်။ သေဆုံးသူဦး ရေမှာ ၂၄၈  ဦးတိုးလာသည့်အတွက် ၆၄၉၀၉ ဦးအထိ ရှိလာခဲ့သည်။ အောက်တိုဘာ   ၃   ရက်တွင် ဆေးစစ်မှုပေါင်း  ၃၅၂၂၁၄  ဦးကို ပြုလုပ်ပေးနိုင်ခဲ့သည်။ 
တူရကီနိုင်ငံသည်   ဇန်နဝါရီ ၄ ရက်မှစတင်ကာ   ကိုဗစ် - ၁၉ ကာကွယ်ဆေး ထိုးနှံပေးမှုများကိုစတင်ခဲ့သည်။  
ပထမအကြိမ် ကာကွယ်ဆေး ထိုးပြီးသူဦးရေ ၅၄ ဒသမ ၁၄ သန်း ရှိပြီး ဒုတိယအကြိမ် ကာကွယ် ဆေးထိုးပြီးသူ ၄၅ ဒသမ ၂၅ သန်း ရှိပြီဖြစ်သည်။ 
တူရကီနိုင်ငံသည် အပိုဆောင်း ထိုးပေးသည့်     ကာကွယ်ဆေး အပါအဝင်   ယခုအချိန်အထိ ကာကွယ်ဆေးအလုံးရေ      ၁၁၀ ဒသမ ၇၄ သန်း ထိုးနှံပေးခဲ့ပြီးဖြစ် သည်။ 
ဆင်ဟွာ