အစ္စရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန်  အဆင်သင့်ရှိသည်ဟု ပါလက်စတိုင်း သမ္မတပြော 


 

ရမ်မလာ  အောက်တိုဘာ   ၅


ပါလက်စတိုင်းသမ္မတ   မာမွတ်အဘတ်စ်သည်   အောက်တိုဘာ  ၄  ရက်က အမေရိကန်အရာရှိများနှင့် တွေ့ဆုံစဉ်အတွင်း အပြည်ပြည်ဆိုင်ရာမှ ဆုံးဖြတ်ချက်များအပေါ် အခြေခံကာ အစ္စရေးနှင့် ငြိမ်းချမ်းရေး ဖြစ်စဉ်လမ်းကြောင်းကို လျှောက်လှမ်းရန် အဆင်သင့်ရှိသည်ဟု ပြောကြားခဲ့သည်။ 
အစ္စရေးနှင့် ပါလက်စတိုင်းဆိုင်ရာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ လက်ထောက်အကြီးအကဲ ဖြစ်သူ ဟာဒီအာမာနှင့် ရမ်မလာမြို့တွင်  တွေ့ဆုံစဉ်  ပါလက်စတိုင်းသမ္မတက   ယခုလိုပြောကြားခဲ့ခြင်း ဖြစ်ကြောင်း ပါလက်စတိုင်းသတင်းအေဂျင်စီတွင် ဖော်ပြထားသည်။  
အစ္စရေးနိုင်ငံ၏   သိမ်းပိုက်မှုကို   အဆုံးသတ်ရန်နှင့်   ၁၉၆၇  ခုနှစ်  နယ်စပ်အပေါ် အခြေခံကာ ပါလက်စတိုင်း နိုင်ငံထူထောင်ရန်အတွက်  အပြည်ပြည်ဆိုင်ရာမူဘောင်များအောက်တွင် အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးအတွက် အပြည်ပြည်ဆိုင်ရာ ညီလာခံကျင်းပရန်လိုအပ်သည်ဟုလည်း ပါလက်စတိုင်း သမ္မတက ပြောသည်။  
လက်ရှိအခြေအနေများမှာ လက်ခံနိုင်ဖွယ်ရာမရှိဟုလည်း ၎င်းက ဆက်ပြောသည်။ ပါလက်စတိုင်း နယ်မြေများကို  ကျူးကျော်ခြင်းနှင့်  အခြေချနေထိုင်မှုများကို   ရပ်တန့်ရန်အတွက်   အစ္စရေးအပေါ် ဖိအားများပေးရန်လည်း ဟာဒီအာမာကို တောင်းဆိုခဲ့သည်။                                                  ဆင်ဟွာ