
နယူးဒေလီ အောက်တိုဘာ ၅
အိန္ဒိယနိုင်ငံတွင် အောက်တိုဘာလအတွင်း ကိုဗစ်-၁၉ ထပ်မံကူးစက်ဖြစ်ပွားသူ ၁၈၃၄၆ ဦး ရှိလာသော ကြောင့် အောက်တိုဘာ ၅ ရက်တွင် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူပေါင်း ၃၃၈၅၃၀၄၈ ဦးအထိ ရှိလာခဲ့ ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ နောက်ဆုံးထုတ်ပြန်လိုက်သော အချက်အလက်များတွင် ဖော်ပြ ထားသည်။
အဆိုပါကာလအတွင်း ကိုဗစ်-၁၉ ကြောင့် ထပ်မံသေဆုံးသူ ၂၆၃ ဦး ရှိလာမှုနှင့်အတူ စုစုပေါင်း သေဆုံးသူ ၄၄၉၂၆၀ အထိ ရှိလာခဲ့သည်။
တစ်နေ့တည်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု နှင့် သေဆုံးမှုအများဆုံးမှာ အိန္ဒိယနိုင်ငံတောင်ပိုင်း ကီရာလာပြည်နယ် ဖြစ်သည်။
နိုင်ငံအတွင်း လတ်တလောကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားလျက်ရှိသူ ၂၅၂၉၀၂ ဦးအထိ ရှိလာပြီး လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားသူ ၁၁၅၅၆ ဦးအထိ လျော့နည်းလာခဲ့သည်။
ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုမှ ပျောက်ကင်းသွား ပြီး ဆေးရုံမှ ဆင်းလာသူ စုစုပေါင်း ၃၃၁၅၀၈၈၆ ဦး ရှိလာပြီဖြစ်သည်။ အဆိုပါပမာဏအနက် အောက် တိုဘာ ၅ ရက်က ဆေးရုံမှ ဆင်းလာသူ ၂၉၆၃၉ ဦး ရှိသည်။
ဆင်ဟွာ