
လစ္စဘွန်း အောက်တိုဘာ ၅
ပေါ်တူဂီနိုင်ငံသည် လာမည့်သီတင်းပတ်မှစတင်ကာ အသက် ၆၅ နှစ်အထက် အသက်အရွယ်ရှိသူများ အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးတတိယအကြိမ် ထိုးနှံပေးမည်ဖြစ်ကြောင်း ယနေ့သတင်းများအရ သိရသည်။
ပေါ်တူဂီနိုင်ငံသည် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံမှုတွင် ကမ္ဘာပေါ်၌ ဒုတိယအများဆုံး ထိုးနှံပေးနိုင်သည့်နိုင်ငံဖြစ်ပြီး လက်ရှိတွင် နိုင်ငံလူဦးရေ စုစုပေါင်း၏ ၈၅ ရာခိုင်နှုန်းအထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။
ပေါ်တူဂီနိုင်ငံသည် အသက် ၆၅ နှစ်အထက် အသက်အရွယ်ရှိသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တတိယအကြိမ်ထိုးနှံမှုကို အောက်တိုဘာ ၁၁ ရက်တွင် စတင်မည်ဖြစ်ကြောင်း ပေါ်တူဂီနိုင်ငံ ကျန်းမာရေးဝန်ကြီး အန်တိုနီယိုဆေးလ် က ယနေ့တွင် ပြောကြားသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတတိယ အကြိမ်ထိုးနှံမည့်သူများသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံမှုခံယူပြီးနောက် ခြောက်လကြာမှသာ တတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခွင့် ရရှိမည်ဖြစ်ကြောင်း လည်း သိရသည်။
ကိုးကား-စီအင်န်အေ
ဘာသာပြန်-အလင်းသစ်