အိန္ဒိယနိုင်ငံ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၈၃၄၆ ဦးရှိ

နယူးဒေလီ အောက်တိုဘာ ၅


အိန္ဒိယနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၈၃၄၆ ဦးရှိခြင်းကြောင့်    ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူစုစုပေါင်း ၃၃၈၅၃၀၄၈ ဦး ရှိလာကြောင်း     အိန္ဒိယကျန်းမာရေး ဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။


သေဆုံးသူ ၂၆၃ ဦး ထပ်တိုးလာ


ထို့ပြင် အိန္ဒိယနိုင်ငံ၌ လွန်ခဲ့သည့် တစ်ရက်အတွင်း    ကိုဗစ်-၁၉ ရောဂါ ကြောင့် သေဆုံးသူ ၂၆၃ ဦး ထပ်တိုးလာ ခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူစုစုပေါင်း   ၄၄၉၂၆၀  ရှိလာ ကြောင်း သိရသည်။


အိန္ဒိယနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှင့် ကိုဗစ်-၁၉ ရောဂါကြောင့်သေဆုံးမှုအများဆုံးမှာ         ကီရာလာ ပြည်နယ်   တောင်ပိုင်းဖြစ်ကြောင်းနှင့်  အိန္ဒိယနိုင်ငံ၌  လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါပိုး          တွေ့ရှိဆဲလူနာစုစုပေါင်း ၂၅၂၉၀၂ ဦးရှိကြောင်း အိန္ဒိယကျန်းမာရေး ဝန်ကြီးဌာနက ပြောကြားသည်။


အိန္ဒိယနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက် အတွင်း ကိုဗစ်-၁၉ ရောဂါမှ ပြန်လည် ကျန်းမာလာသဖြင့် ဆေးရုံအသီးသီးမှ ဆင်းခွင့်ရရှိသူ ၂၉၆၃၉ ဦးရှိခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါမှ   ပြန်လည်ကျန်းမာ လာသူစုစုပေါင်း ၃၃၁၅၀၈၈၆ ဦးရှိလာ ကြောင်း  အိန္ဒိယကျန်းမာရေးဝန်ကြီး ဌာနက ပြောကြားသည်။


ကိုးကား-ဆင်ဟွာ
 ဘာသာပြန်-အလင်းသစ်