နယူးဇီလန်နိုင်ငံ၌ တစ်ရက်အတွင်း ဒယ်လ်တာဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်ခံရသူ ၂၄ ဦး ထပ်မံတွေ့ရှိ

ဝယ်လင်တန် အောက်တိုဘာ ၅


နယူးဇီလန်နိုင်ငံ၌        လွန်ခဲ့သည့် ၂၄ နာရီအတွင်း ဒယ်လ်တာဗီဇပြောင်းဗိုင်းရပ်စ်   ဓာတ်ခွဲအတည်ပြု လူနာသစ် ၂၄ ဦး ထပ်မံတွေ့ရှိခဲ့ရာ လက်ရှိအချိန်အထိ အဆိုပါရောဂါ   ကူးစက်ခံရသူပေါင်း ၁၃၈၁ ဦးရှိလာ ကြောင်း နယူးဇီလန်အစိုးရက ယနေ့ပြောကြားသည်။
စမ်းသပ်တွေ့ရှိ


အဆိုပါ ဒယ်လ်တာဗီဇပြောင်းဗိုင်းရပ်စ်  ဓာတ်ခွဲ အတည်ပြုလူနာသစ်များအနက်၁၈ ဦးကို အောက်ကလန် မြို့၌   ရောဂါစမ်းသပ်တွေ့ရှိခဲ့ပြီး   ကျန်ခြောက်ဦးကို  ဝိုင်ကာတိုမြို့၌  စမ်းသပ်တွေ့ရှိခဲ့ကြောင်း ပြည်သူ့ကျန်းမာ ရေးလုပ်ငန်း        ညွှန်ကြားရေးမှူး     ကာရိုလိုင်းမက်ခ် အယ်လ်နေးက        သတင်းစာရှင်းလင်းပွဲတစ်ရပ်တွင် ထည့်သွင်းပြောကြားခဲ့သည်။


လတ်တလောအချိန်တွင်         နယူးဇီလန်နိုင်ငံရှိ ကိုဗစ်-၁၉ ရောဂါ  ကူးစက်ခံရသူများအနက်  ခုနစ်ဦး သည် ရောဂါပြင်းထန်သောကြောင့် အထူးကြပ်မတ်ကု ဌာနတွင်  ဆေးဝါးကုသမှုခံယူလျက် ရှိကြောင်း ၎င်းက ထပ်မံပြောကြားသည်။ 
လက်ရှိအချိန်အထိ နယူးဇီလန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၄၀၅၀ ရှိပြီး ယင်းတို့အနက် ၂၇ ဦးသည် ထိုရောဂါဖြင့် သေဆုံးခဲ့ကြောင်း နယူးဇီလန် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် အချက် အလက်များအရ သိရသည်။ 


ဒယ်လ်တာဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့လာပြီး   နိုင်ငံအတွင်း      ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူဦးရေ များပြားလာခြင်းကြောင့်  နိုင်ငံ၏  အကြီးမားဆုံးမြို့ ဖြစ်သည့်  အောက်ကလန်မြို့၌  ကိုဗစ်-၁၉ ရောဂါ ဆိုင်ရာလမ်းညွှန်ချက်တစ်ရပ်ကို  ယမန်နေ့က  ထုတ်ပြန် ကြေညာလိုက်ကြောင်း   ဝန်ကြီးချုပ် ဂျက်စင်ဒါအာဒမ်က ပြောကြားသည်။ 


ယင်းကိုဗစ်-၁၉ ရောဂါဆိုင်ရာ လမ်းညွှန်ချက်အရ     အောက်ကလန်မြို့သူ၊ မြို့သားများအနေဖြင့် လက်ရှိ ချမှတ်ထားသည့် ကိုဗစ်-၁၉ ရောဂါ တားဆီးကာကွယ်ရေး ဆိုင်ရာ ကန့်သတ်ချက်များကို လိုက်နာကာ သွားလာ လှုပ်ရှားရမည်ဖြစ်ကြောင်း သိရသည်။
အထောက်အကူပြုခဲ့
နယူးဇီလန်နိုင်ငံ၌   ကိုဗစ်-၁၉ ရောဂါ   ထိန်းချုပ်ရန် ချမှတ်ထားသည့် အဆင့်(၃)နှင့် အဆင့်(၄) သတိပေးချက် များသည် လွန်ခဲ့သည့်သီတင်းပတ်ခုနစ်ပတ်အတွင်းက ဒယ်လ်တာဗီဇပြောင်းဗိုင်းရပ်စ်ထိန်းချုပ်ရန် အထောက် အကူပြုခဲ့သလို      နယူးဇီလန်ပြည်သူများကိုလည်း ကာကွယ်ဆေးထိုးနှံမှုခံယူရန်     အချိန်ပေးခဲ့ကြောင်း အာဒမ်က ပြောကြားသည်။ 
နယူးဇီလန်အစိုးရသည်  အသက် ၁၂ နှစ်အထက် ၇၉ ရာခိုင်နှုန်းခန့်ကိုလည်း ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း ၎င်းက ပြောကြားသည်။


ကိုးကား - ဆင်ဟွာ
ဘာသာပြန် - ဂျေတီ