
မနီလာ အောက်တိုဘာ ၆
ဖိလစ်ပိုင်နိုင်ငံ၌ ယနေ့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၉၈၆၈ ဦးကို ထပ်မံ တွေ့ရှိရသဖြင့် နိုင်ငံအတွင်း ကိုဗစ်-၁၉ရောဂါကူးစက်ခံရသူပေါင်း ၂၆၂၂၉၁၇ ဦးရှိလာ ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။
နိုင်ငံအတွင်းရှိ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူအရေအတွက်မှာ ၃၈၈၂၈ ဦးရှိကြောင်း သိရသည်။ နေ့စဉ် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက်အမှန် ကို မထုတ်ပြန်နိုင်ခြင်းမှာ ဓာတ်ခွဲခန်းများတွင် ကိုဗစ်-၁၉ ရောဂါစစ်ဆေးမှုကို ဆောင်ရွက်ရန် အခက်အခဲများရှိနေခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် နိုင်ငံအတွင်းရှိ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ဒစ်ဂျစ်တယ်စင်္ကြန်၌ နည်းပညာ ဆိုင်ရာအခက်အခဲများရှိနေကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။ လူဦးရေ သန်း ၁၁၀ နီးပါးရှိသော ဖိလစ်ပိုင်နိုင်ငံ၌ လက်ရှိအချိန်တွင် လူဦးရေသန်း ၂၀ ကျော်ကို ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ စစ်ဆေးခဲ့ကြောင်း သိရသည်။
ကိုးကား-ဆင်ဟွာ၊ ဘာသာပြန်-စိုးသူရ