အာဖရိက ဇန်ဇီဘာကျွန်း၌ ကြီးပြင်းခဲ့သော စာရေးဆရာ စာပေနိုဘယ်ဆုရရှိ

 

အဒစ္စအဘာဘာ  အောက်တိုဘာ   ၇


ဝတ္ထုစာရေးဆရာ     အဗ္ဗဒူရာဇတ်ဂါနာအား ယခုနှစ်၏ စာပေနိုဘယ်ဆုရှင်အဖြစ် ကြေညာ ခဲ့သည်။ 
၎င်းအား   ၁၉၄၈ ခုနှစ်တွင် မွေးဖွားခဲ့ပြီး အရှေ့အာဖရိကကမ်းလွန်ရှိ ဇန်ဇီဘာကျွန်း တွင် ကြီးပြင်းခဲ့သည်။ ၎င်းသည် ၁၉၆၀ ပြည့် လွန် နှစ်များတွင် ဒုက္ခသည်အဖြစ် ဗြိတိန်သို့ ရောက်ရှိခဲ့သည်။ 


အသက် ၂၁ နှစ်တွင်    စာများစတင် ရေးသားခဲ့သည်။ ၎င်း၏ ပထမဘာသာစကား သည် ဆွာဟီလီဖြစ်သော်လည်း အင်္ဂလိပ်လို ရေးသားခဲ့သည်။ 
ဝတ္ထုရှည် ၁၀ အုပ်နှင့် ဝတ္ထုတို အတော် များများ ပုံနှိပ်ထုတ်ဝေခဲ့သည်။ ၎င်း၏လက်ရာ တွင် ဒုက္ခသည်များ၏ဘဝကို    ထင်ဟပ်စေ သည်။ မကြာသေးမီက  အနားမယူမီအထိ ၎င်းသည် ကန်တာဘာရီရှိကန့်တက္ကသိုလ်၏ ကိုလိုနီခေတ်နှောင်းစာပေ ပါမောက္ခတစ်ဦး ဖြစ်ခဲ့သည်။                    

အင်န်အိတ်ချ်ကေ