ဖိလစ်ပိုင်ဒုတိယသမ္မတ ၂၀၂၂ တွင်ကျင်းပမည့် သမ္မတရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည်

 

မနီလာ   အောက်တိုဘာ  ၇ 


ဖိလစ်ပိုင်ဒုတိယသမ္မတ မာရီယာ လီယိုနော် ရိုဘရီဒို သည် ၂၀၂၂ မေလတွင်ကျင်းပမည့် သမ္မတရွေးကောက် ပွဲတွင်  ဝင်ရောက်ယှဉ်ပြိုင်ရန်    တရားဝင်ကြေညာ ပြီးနောက် အောက်တိုဘာ   ၇   ရက်၌    သမ္မတ ရွေးကောက်ပွဲအတွက် စာရင်းသွင်းလိုက်ပြီဖြစ်သည်။ 


အသက် ၅၆ နှစ်ရှိ ရိုဘရီဒိုသည် သမီးဖြစ်သူနှင့် အတူ  ၎င်း၏ သမ္မတရွေးကောက်ပွဲဝင်မည့် တရားဝင် အထောက်အထားကို   ရွေးကောက်ပွဲကော်မရှင်သို့ တင်သွင်းခဲ့သည်။ သို့သော်လည်း ၎င်း၏ပြိုင်ဘက်မည်သူမည်ဝါဖြစ်ကြောင်း မီဒီယာသို့ဖွင့်ဟပြောဆိုခဲ့ခြင်းမရှိကြောင်း သိရသည်။ 


အစောပိုင်းက    ပြုလုပ်ခဲ့သည့်     သတင်းစာ ရှင်းလင်းပွဲတွင် ရိုဘရီဒိုက မိမိတို့ ယှဉ်ပြိုင်ရုန်းကန် တိုက်ခိုက်အနိုင်ယူရမည်ဖြစ်ကြောင်း၊       ၂၀၂၂ ရွေးကောက်ပွဲတွင်  သမ္မတလောင်းတစ်ဦးအဖြစ် မိမိကိုယ်မိမိ  သတ်မှတ်ထားကြောင်း   ပြောကြား ခဲ့သည်။ 


ရိုဘရီဒိုသည်   သမ္မတ   ရိုဒရီဂိုဒူတာတေးကို မူးယစ်ဆေးဝါးတိုက်ဖျက်နှိမ်နင်းမှုတွင်   အာဏာ အလွန်အကျွံသုံးစွဲခဲ့သည်ဟုဆိုကာ ဝေဖန်ခဲ့သည်။ 
ဖိလစ်ပိုင်နိုင်ငံတွင် သမ္မတနှင့် ဒုတိယသမ္မတ တို့ကို   သီးခြားရွေးကောက်တင်မြှောက်ကြသည့် အတွက် တစ်ဦးနှင့်တစ်ဦး    မတူသောအမြင်များ ရှိနိုင်သည်။ 


သမ္မတရွေးကောက်ပွဲ   ဝင်ရောက်ယှဉ်ပြိုင်ရန် အောက်တိုဘာ ၆ ရက်က ရွေးကောက်ပွဲသို့အမည်စာရင်းတင်သွင်းခဲ့ပြီးသော    လွှတ်တော်အမတ် ဟောင်းနှင့်  ယခင်အာဏာရှင်ဟောင်း၏ သားဖြစ်သူ ဂျူနီယာဖာဒီနန်မာကော့စ်သည် ဒူတာတေးအစိုးရ အဖွဲ့အပေါ် ပြစ်တင်ဝေဖန်မှုများကို   ရှောင်ကြဉ် ထိန်းသိမ်းခဲ့သည်။

 
ဒူတာတေးသည် မာကော့စ်မိသားစုနှင့် ရင်းနှီး သောဆက်ဆံရေးရှိသည်ဟု    ယုံကြည်ထားသည်။ ဒူတာတေး၏ဖခင်သည် ၁၉၆၀ ပြည့်လွန်နှစ်များက မာကော့စ်အစိုးရအဖွဲ့တွင်      တာဝန်ထမ်းဆောင်ခဲ့ သည်။ ဒူတာတေးသည် နိုင်ငံရေးမှ အနားယူတော့ မည်ဖြစ်ကြောင်း ကြေညာခဲ့ပြီးဖြစ်သည်။ 


၎င်း၏သမီးကြီး ဆာရာဒူတာတေးသည် အလား အလာရှိသော     သမ္မတလောင်းတစ်ဦးဖြစ်သည်။ သူသည်    လတ်တလောတွင်     ဒါဗို့မြို့တော်ဝန် ဖြစ်သည်။ 
ဂန္ထဝင်  လက်ဝှေ့အကျော်အမော်ဟောင်းနှင့် လွှတ်တော်အမတ်ဖြစ်သူ  မန်နီပက်ကွီရိုနှင့်    မနီလာ မြို့တော်ဝန်  ဖရစ်စစ္စကို   ဒိုမန်ဂိုဆိုတို့သည်လည်း သမ္မတရွေးကောက်ပွဲ     ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။


သမ္မတရွေးကောက်ပွဲအတွက် စာရင်းပေးသွင်း မှုကို အောက်တိုဘာ ၈ ရက်တွင် ပိတ်မည်ဖြစ်သည်။ 

ဆင်ဟွာ၊ အင်န်အိတ်ချ်ကေ