
အစ္စလမ္မာဘတ် အောက်တိုဘာ ၇
ပါကစ္စတန်အနောက်တောင်ပိုင်း ဘလော်ချီစတန်ပြည်နယ်တွင် အောက်တိုဘာ ၇ ရက် အစောပိုင်း က ပြင်းအား ၅ ဒသမ ၉ အဆင့် ငလျင်တစ်ခုလှုပ်ခဲ့ရာ လူ ၂၀ထက် မနည်း သေဆုံးခဲ့ပြီး ၃၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ပြည်နယ် ပြည်ထဲရေးဝန်ကြီး မာရ်ဇူလာ လန်ဂေါ့ဖ်က ပြောကြားခဲ့သည်။
ကယ်ဆယ်ရေးလုပ်ငန်းများ နှင့် ကျန်းမာရေးဝန်ဆောင်မှုများကူညီပေးနိုင်ရန် ငလျင်ဒဏ်ခံ ပြည်နယ်ရှိ ဒေသများအားလုံး ကို အရေးပေါ်အခြေအနေတစ်ရပ် ကြေညာခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးက ပြောသည်။
ပြင်းထန်ဒဏ်ရာရသူများကို ကယ်ဆယ်မှုများ ဆောင်ရွက် နိုင်ရန် ရဟတ်ယာဉ်များကိုလည်း ငလျင်လှုပ်ခတ်မှု ဖြစ်ပွားရာ နေရာသို့ ပို့ဆောင်ခဲ့ကြောင်း ဝန်ကြီးက ပြောသည်။
ပါကစ္စတန်နိုင်ငံ အမျိုးသား ငလျင်စောင့်ကြည့်ရေးစင်တာ၏ထုတ်ပြန်ချက်အရ ငလျင်သည် ဒေသစံတော်ချိန် နံနက် ၃ နာရီ ၁ မိနစ်တွင် ဟာနိုင်းပြည်နယ် အနီးကို ဗဟိုပြုပြီး မြေအောက် အနက် ၁၅ ကီလိုမီတာတွင် လှုပ်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။
ငလျင်လှုပ်ခတ်မှုကို ကွက်တာ၊ မက်စ်တန်၊ မွတ်စလင်ဘာ့၊ ကွီလာ ဆိုင်ဖူလာ၊ ဆီဘီနှင့် ပီရှင်အပါ အဝင် ဒေသအတော်များများတွင် ခံစားခဲ့ရသည်။
ငလျင် လှုပ်ခတ်ပြီးနောက် ပြိုကျပျက်စီးခဲ့သော အဆောက် အအုံများရှိခဲ့ကြောင်း သိရသည်။ ကယ်ဆယ်ရေး အဖွဲ့များသည် အခင်းဖြစ်ပွားရာ နေရာသို့ အလျင်အမြန် ရောက်ရှိလာကြ ပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ကို လုပ်ဆောင်ခဲ့ကြောင်း သိရ သည်။
ဆင်ဟွာ