လက်ဘနွန်နိုင်ငံ၌ ဆောင်းမဝင်မီ ကိုဗစ်- ၁၉ ကာကွယ်ဆေး အရှိန်တိုးမြှင့်ထိုးနှံပေးနိုင်ရေးကြိုးပမ်း

 

ဘေရွတ် အောက်တိုဘာ   ၈


လက်ဘနွန်နိုင်ငံတွင်    ဆောင်း မဝင်မီ ကိုဗစ် - ၁၉ ကာကွယ်ဆေး အရှိန်တိုးမြှင့်   ထိုးနှံပေးနိုင်ရေး အတွက်   နောက်ထပ်ကာကွယ် ဆေးများ      ထပ်မံရရှိမည်ဟု အောက်တိုဘာ  ၇   ရက်တွင် လက်ဘနွန် ကျန်းမာရေးဝန်ကြီး ဖရက်ဇ်အာဘီရက်က ပြောသည်။


ပြင်သစ်နိုင်ငံသည်  ဖိုက်ဇာ ကာကွယ်ဆေးအလုံးရေ ၅၀၀၀၀၀ ကိုလှူဒါန်းသွားရန် သဘောတူ ထားသည်ဟု သတင်းစာရှင်းလင်း ပွဲတွင် ၎င်းက ပြောကြားခဲ့သည်။

နောက်ထပ် ကိုဗစ် - ၁၉ ကာကွယ် ဆေး တစ်သန်းထပ်မံ  ဝယ်ယူရန် အတွက်လည်း  လက်ဘနွန်နိုင်ငံ သည် ကမ္ဘာ့ဘဏ်နှင့် သဘောတူ ထားသည်။  လက်ဘနွန်လူဦးရေ ၏ ၂၆ ဒသမ ၇  ရာခိုင်နှုန်းကို ကိုဗစ်- ၁၉ ကာကွယ်ဆေးအပြည့် ထိုးထားပေးပြီး      ဖြစ်ကြောင်း လက်ဘနွန်   ကျန်းမာရေးဝန်ကြီး ဌာနက ပြောသည်။

လက်ဘနွန် နိုင်ငံတွင်     ကပ်ရောဂါကူးစက်မှု အခြေအနေမှာ  အကောင်းဘက်သို့ ဦးတည်လာပြီဖြစ်ပြီး    ဆောင်း ရာသီတွင်     နောက်ထပ်ကူးစက်မှု လှိုင်းမဖြစ်ပေါ်မီ      ကာကွယ် ဆေးကို   တိုး၍ထိုးပေးရမည်ဟု ကျန်းမာရေးဝန်ကြီးက ပြောသည်။


လက်ဘနွန်    ကျန်းမာရေး ဝန်ကြီးဌာန၏   ဖော်ပြချက်အရ လက်ဘနွန်နိုင်ငံတွင်    ကိုဗစ်- ၁၉ ကူးစက်ခံရသူပေါင်း ၆၂၈၂၄၁ ဦး ရှိပြီး သေဆုံးသူ ၈၃၇၅  ဦး  ရှိ သည်ဟု သိရသည်။ 


ဆင်ဟွာ