အိန္ဒိယ၌ အောက်တိုဘာ ၁၅ ရက်မှစတင်ကာ နိုင်ငံခြားခရီးသွားများ လာရောက်ခွင့်ပြုတော့မည်

 

နယူးဒေလီ   အောက်တိုဘာ   ၈


အိန္ဒိယနိုင်ငံသည် အောက်တိုဘာ ၁၅ ရက်မှစတင်ကာ နိုင်ငံခြားခရီးသွားများကို       တိုင်းပြည်အတွင်း ဝင်ရောက် လည်ပတ်ခွင့်ပြုတော့မည်ဟု သိရသည်။


ကိုဗစ်- ၁၉ ကပ်ရောဂါကြောင့်  အိန္ဒိယနိုင်ငံသို့ခရီးသွားများဝင်ရောက်မှုကို တားမြစ်ထားသည်မှာ တစ်နှစ်ခွဲကာလရှိပြီဖြစ်သည်။ အောက်တိုဘာ ၁၅ ရက်မှစတင်ကာ ခရီးသွားဗီဇာကို စတင်ထုတ်ပေးမည် ဟု   အိန္ဒိယအစိုးရက အောက်တိုဘာ ၇ ရက်တွင် ကြေညာခဲ့သည်။ စင်းလုံးငှားလေယာဉ်ဖြင့်သာ နိုင်ငံ အတွင်းဝင်ခွင့်ပြုမည်ဟု ပြောကြားခဲ့သည်။


စင်းလုံးငှားလေယာဉ်ဖြင့် မလာနိုင်သောခရီးသွား များသည် အိန္ဒိယနိုင်ငံအတွင်းသို့    လာရောက်ခွင့်ရရေး နိုဝင်ဘာ ၁၅ ရက်အထိ   စောင့်ဆိုင်းရမည်ဟု သိရ သည်။ ပြီးခဲ့သည့်နှစ်   မတ်လအတွင်းမှ   စတင်ကာ အစိုးရသည် ခရီးသွားဗီဇာထုတ်ပေးခြင်းကို  ရပ်တန့် ခဲ့သည်။ 


ကိုဗစ်- ၁၉ တိုက်ဖျက်ရေးလုပ်ငန်းစဉ်အဖြစ် ယင်းသို့လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။   အိန္ဒိယနိုင်ငံ တွင်  လူဦးရေ ၁ ဒသမ ၃ ဘီလီယံရှိသည်။   မေလ အတွင်း  အိန္ဒိယ၌ ကိုဗစ်- ၁၉  ကူးစက်မှုများ     အဆ မတန်  များပြားခဲ့သည်။        နေ့စဉ်ကူးစက်မှုမှာ ၄၀၀၀၀၀ ကျော်   ရှိခဲ့သည်။   သို့သော်       မကြာခင် အချိန်အတွင်းကမှ အိန္ဒိယတွင်  နေ့စဉ်ကူးစက်မှုမှာ ၂၀၀၀၀ အောက်သို့ ကျဆင်းလာခဲ့သည်။ ခရီးသွား လုပ်ငန်းမှ တာဝန်ရှိသူများနှင့်    ဒေသခံအစိုးရတို့သည်  တိုင်းပြည်အတွင်းသို့ ခရီးသွားများကို   ပြန်လည် ဝင်ရောက်ခွင့်ပေးရန် အိန္ဒိယအစိုးရထံ တောင်းဆိုခဲ့ ကြသည်။  ခရီးသွားလုပ်ငန်းသည်    အိန္ဒိယနိုင်ငံ၏  အဓိကစီးပွားရေးလုပ်ငန်းလည်း       ဖြစ်သည်။ တိုင်းပြည်၏ စီးပွားရေး   ပြန်လည် သက်သာရာရလာ စေရေးအတွက်    နိုင်ငံခြားခရီးသွားများ   ပြန်လည် လက်ခံမည့်ရက်ကို       အာရုံစိုက်နေကြသည်။ တိုင်းပြည်၏     စီးပွားရေးမှာ     ကပ်ရောဂါကြောင့်   ထိခိုက်ခဲ့ရသည်။  

         
 အင်န်အိတ်ချ်ကေ