၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၂ ခုနှစ်၊ မတ်လအထိ ခြောက်လအတွက် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေပြဋ္ဌာန်း

 

(ယမန်နေ့မှအဆက်) 


၃၇။    (က)    ပြည်ထောင်စုအစိုးရအဖွဲ့သည်   နေပြည်တော် စည်ပင် သာယာရေးကော်မတီ၏ ဇယား (၁၅) နှင့် (၁၆) တို့တွင် ဖော်ပြထားသောငွေများကို လုပ်ငန်းအရ လိုအပ်လျှင် ပြောင်းလဲပေးနိုင်သည်။ ပြည်ထောင်စုအစိုးရအဖွဲ့သည် ဤပုဒ်မပါကိစ္စရပ်များကို ဆောင်ရွက်နိုင်ရန် စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာနသို့ တာဝန်လွှဲအပ်ဆောင်ရွက် စေနိုင်သည်။ ထိုသို့ ငွေများပြောင်းလဲခြင်းနှင့် စပ်လျဉ်း၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့     တင်ပြသော ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၂ ခုနှစ်၊ မတ်လအထိ ခြောက်လအတွက် ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းများတွင်   ထည့်သွင်းဖော်ပြရမည်။   ပြုပြင်ပြီး ခန့်မှန်းခြေ ငွေစာရင်းများ   တင်ပြချိန်နောက်ပိုင်းမှ  ဖြစ်ပေါ်သော ပြောင်းလဲခြင်းများကို အမှန်စာရင်းများတွင် ထည့်သွင်း ဖော်ပြရမည်။


    ( ခ )    ပြည်ထောင်စုအစိုးရအဖွဲ့သည် နေပြည်တော်  စည်ပင် သာယာရေးကော်မတီအား     လုပ်ငန်းလုပ်ကိုင်ရန် သော်လည်းကောင်း၊ရင်းနှီးမြှုပ်နှံရန်သော်လည်းကောင်း လိုအပ်သည့်ငွေကို ထောက်ပံ့ငွေဖြင့်ဖြစ်စေ၊   ချေးငွေဖြင့် ဖြစ်စေ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏   အတည် ပြုချက်ဖြင့် ရယူဆောင်ရွက်ခွင့်ပြုနိုင်သည်။

၃၈။    နေပြည်တော်စည်ပင်သာယာရေးကော်မတီသည်     မိမိနှင့် သက်ဆိုင်သော တည်ဆဲဥပဒေများ၊ နည်းဥပဒေများ၊  စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်ကြော်ငြာစာများ၊ အမိန့်များ၊  ညွှန်ကြားချက်များ အရ ခွင့်ပြုထားသော အခွန်အကောက်အမျိုးအစားများကိုသာ ကောက်ခံ နိုင်သည်။     

အပိုင်း ၉
မြန်မာနိုင်ငံတော်ဗဟိုဘဏ်

၃၉။    (က)    မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည်  မိမိ၏ ဘဏ္ဍာငွေအပေါ် ရပ်တည်၍ မိမိ၏ဘဏ္ဍာငွေအစီအစဉ်ဖြင့် လုပ်ငန်းများ ကို   ဆောင်ရွက်ရာတွင်    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏  အတည်ပြုချက်ရယူရမည်။
    ( ခ )    မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ငွေအဝင်နှင့် အထွက်ကို စာရင်းပြုစုရန်အလို့ငှာ   ပြည်ထောင်စု၏     အရအသုံး ခန့်မှန်းခြေငွေစာရင်းတွင် ဖော်ပြရမည်။

၄၀။    (က)    မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ရငွေနှင့် သုံးငွေအတွက် တာဝန်ပေးအပ်ခြင်းခံရသည့်   ပုဂ္ဂိုလ်အသီးသီးသည် ဇယား(၁၇)နှင့် (၁၈)တို့တွင်    မိမိနှင့်ယှဉ်တွဲဖော်ပြထား သည့် ရငွေတို့ကို စီမံကြီးကြပ်ကောက်ခံခြင်းနှင့် သုံးငွေ တို့ကို စီမံခန့်ခွဲခြင်းပြုရမည်။
    ( ခ )    ပုဒ်မခွဲ(က)ပါ တာဝန်ခံရသည့်  ပုဂ္ဂိုလ်အသီးသီးသည် မိမိအား  အပ်နှင်းထားသော   လုပ်ပိုင်ခွင့်များကို   မိမိ လက်အောက်ရှိ လုပ်ငန်းဆိုင်ရာ    ပုဂ္ဂိုလ်အသီးသီးအား လွှဲအပ် ဆောင်ရွက်စေနိုင်သည်။
    ( ဂ )    ရငွေများကို စီမံကြီးကြပ် ကောက်ခံရာတွင်လည်းကောင်း၊ သုံးငွေများကို       စီမံခန့်ခွဲရာတွင်လည်းကောင်း၊ ဤဥပဒေပါ ပြဋ္ဌာန်းချက်များ၊  သက်ဆိုင်ရာဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့် ကြော်ငြာစာများ၊     အမိန့်များ၊   ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်။

၄၁။    ပြည်ထောင်စုအစိုးရအဖွဲ့သည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ဇယား (၁၇) နှင့် (၁၈) တို့တွင် ဖော်ပြထားသော  ရငွေများနှင့် သုံးငွေများ ကို လုပ်ငန်းအရ လိုအပ်လျှင်  ပြောင်းလဲပေးနိုင်သည်။ ပြည်ထောင်စု အစိုးရအဖွဲ့သည်   ဤပုဒ်မပါကိစ္စရပ်များကို   ဆောင်ရွက်နိုင်ရန် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနသို့  တာဝန်လွှဲအပ် ဆောင်ရွက် စေနိုင်သည်။ ထိုသို့ရငွေများနှင့်  သုံးငွေများပြောင်းလဲခြင်းများနှင့် စပ်လျဉ်း၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့တင်ပြသော ၂၀၂၁ ခုနှစ်၊ အောက်တို ဘာလမှ ၂၀၂၂ ခုနှစ်၊    မတ်လအထိ ခြောက်လအတွက်    ပြုပြင်ပြီး   ခန့်မှန်းခြေငွေစာရင်းများတွင်လည်းကောင်း၊   ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းများ   တင်ပြချိန်နောက်ပိုင်းမှ   ဖြစ်ပေါ်သော ပြောင်းလဲခြင်းများနှင့် စပ်လျဉ်း၍ အမှန်စာရင်းများတွင် လည်းကောင်း ထည့်သွင်း ဖော်ပြရမည်။    

၄၂။    (က)    မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ၂၀၂၁ ခုနှစ်၊ အောက်တို ဘာလမှ ၂၀၂၂ ခုနှစ်၊ မတ်လအထိ ခြောက်လကုန်ဆုံးသည့် အခါ အသားတင်အမြတ်ငွေ၏ လေးဆယ်ရာခိုင်နှုန်းနှင့် ညီမျှသောငွေပမာဏကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အထွေထွေသီးသန့်ငွေစာရင်းသို့ ပေးသွင်းပြီး၊ အသား တင်အမြတ်ငွေမှ     ကျန်ရှိငွေကို    မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ကိုင်ဆောင်ထားသော   အစိုးရငွေချေး သက်သေခံလက်မှတ်များကို   ရွေးယူရန်   အသုံးပြုပြီး နောက် ကျန်ရှိသော အသားတင်အမြတ်လက်ကျန်ငွေကို နိုင်ငံတော်သို့ ထည့်ဝင်ရမည်။
    ( ခ )    ပြည်ထောင်စုအစိုးရအဖွဲ့သည် မြန်မာနိုင်ငံတော်ဗဟို ဘဏ်က နိုင်ငံတော်သို့  ထည့်ဝင်ရမည့်ငွေကို  သတ်မှတ် ပေးရမည်။
    ( ဂ )    မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ၂၀၂၁ ခုနှစ်၊ အောက်တို ဘာလမှ ၂၀၂၂ ခုနှစ်၊ မတ်လအထိ ခြောက်လကုန်ဆုံး၍ အရှုံးပေါ်ပေါက်ပါက အဆိုပါ အရှုံးကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏အထွေထွေသီးသန့်ငွေစာရင်းမှ ခုနှိမ်ရမည်။
    (ဃ)    မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် လိုအပ်ပါက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ခွင့်ပြုချက်ဖြင့် ပြည်ထောင်စု အစိုးရအဖွဲ့သို့ သတ်မှတ်ချက်နှင့်အညီ ချေးငွေထုတ်ချေး နိုင်သည်။
    
    ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ  ကျွန်ုပ်လက်မှတ် ရေးထိုးသည်-
                                                    (ပုံ) မင်းအောင်လှိုင်
                          ဗိုလ်ချုပ်မှူးကြီး
                     ဥက္ကဋ္ဌ
  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ