ဘရာဇီးနိုင်ငံ၌ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ခြောက်သိန်းကျော် ရှိလာ

 

ရီယိုဒီဂျနေးယိုး  အောက်တိုဘာ  ၉


ဘရာဇီးနိုင်ငံ၌   ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ အရေအတွက်မှာ  ၆၀၀၀၀၀ အထိ ရှိလာသည်ဟု ဘရာဇီးကျန်းမာရေးအာဏာပိုင်များက အောက်တို ဘာ ၈ ရက်တွင်   ပြောသည်။   ကိုဗစ်-၁၉ ကြောင့် သေဆုံးသူအရေအတွက်မှာ ၆၀၀၄၂၅ ဦးရှိလာသည် ဟု သိရသည်။ 


ရီယိုဒီဂျနေးယိုးမြို့တွင်လည်း        ဗီဇပြောင်း ဒယ်လ်တာကူးစက်မှု ပျံ့နှံ့လျက်ရှိသည်။ အရပ်ဘက် အုပ်စုတစ်စုသည် ကိုဗစ်-၁၉ ကြောင့် သေဆုံးသူများ ကို ရည်စူးကာ ကမ်းခြေတွင် ပိတ်စအဖြူ ၆၀၀ ကို ချိတ်ဆွဲခဲ့သည်။ အစိုးရက ကိုဗစ်-၁၉ ကာကွယ်ရေး အစီအစဉ်များမှာ  လုံလောက်မှုမရှိဟု ဆန့်ကျင်ခဲ့ ကြသည်။ ဘရားဇီးနိုင်ငံတွင် ကိုဗစ်-၁၉  ကြောင့် သေဆုံးမှု များမှာ နှောင်းပိုင်းတွင် ကျဆင်းခဲ့သည်။ 


စက်တင်ဘာလ တစ်လတည်းတွင်ပင် သေဆုံးသူ ၁၆၀၀၀ ရှိသည်။ ကူးစက်မှုအမြင့်ဆုံးဖြစ်သည့်ဧပြီလအတွင်းက သေဆုံးမှုနှင့်  နှိုင်းယှဉ်လျှင် ငါးပုံပုံ တစ်ပုံသာ ရှိသည်။  လာမည့် ဖေဖော်ဝါရီလအတွင်း ရီယိုဒီဂျနေးယိုးမြို့တွင်      နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ပွဲတော်ကို အတားအဆီးအကန့်အသတ်မရှိ ကျင်းပ ရန် ပြင်ဆင်နေသည်။ 


ဘောလုံးကွင်းများ၌လည်း  ပွဲကြည့်ပရိသတ်များ နှင့် ပတ်သက်သည့် စည်းကမ်းများကို ဖြေလျှော့ပေး နေပြီဖြစ်သည်။   ကူးစက်မှုများကို   အပြည့်အဝ မနှိမ်နင်းနိုင်သေးမီ ကန့်သတ်မှုများကို ဖြေလျှော့ပေး ခြင်း အပါအဝင် လူအများအပြား ပါဝင်သည့်ပွဲများကျင်းပခြင်းဖြင့် ကူးစက်မှုအန္တရာယ်ဖြစ်လာနိုင်သည် ဟု   ဒေသခံကျန်းမာရေး        ကျွမ်းကျင်သူများက သတိပေးခဲ့သည်။                          

အင်န်အိတ်ချ်ကေ