အီရန်နိုင်ငံ၌ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၁၂၅၆ ဦး ထပ်မံတွေ့ရှိ

တီဟီရန်   အောက်တိုဘာ   ၁၀ 


အီရန်နိုင်ငံ၌ လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၁၂၅၆ ဦးအား ထပ်မံတွေ့ရှိခဲ့ရာ ဗိုင်းရပ်စ်ကူးစက် ခံရသူပေါင်း ၅၇၀၂၈၉၀ ရှိလာသည်။ 
အလားတူ  လွန်ခဲ့သော  ၂၄  နာရီ အတွင်း ၂၂၂ ဦး   ထပ်မံသေဆုံးခဲ့ရာ အဆိုပါရောဂါကြောင့် သေဆုံးသူပေါင်း ၁၂၂၅၉၂    ဦးရှိလာကြောင်း   အီရန် ကျန်းမာရေးနှင့် ဆေးပညာဝန်ကြီးဌာန၏ ကိန်းဂဏန်းများအရ သိရသည်။ 


သို့သော်    ကိုဗစ်-၁၉  ရောဂါမှ ပြန်လည်ကျန်းမာလာသူပေါင်း ၅၂၁၇၉၉၉ ဦးရှိသည်။ 
လူနာ ၅၃၀၄ ဦး သည် အထူးကြပ်မတ် ကုသဆောင်များတွင်     ကျန်းမာရေး စောင့်ရှောက်မှုခံယူလျက်ရှိသည်။ 


လက်ရှိအချိန်အထိ       ပြည်သူ ၄၅၀၇၅၅၁၃ ဦးသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတစ်ကြိမ် ထိုးနှံမှုခံယူပြီး ဖြစ်ပြီး ပြည်သူ   ၁၉၃၂၆၄၃၂  ဦးသည် ကာကွယ်ဆေးနှစ်ကြိမ်   ထိုးနှံမှုခံယူပြီး ဖြစ်သည်။


နိုင်ငံတစ်ဝန်း၌ ပြည်သူ ၃၃၂၄၆၄၄၇ ဦးအား ရောဂါရှိ၊ မရှိ စစ်ဆေးမှုများပြုလုပ် ပြီးဖြစ်ကြောင်း သိရသည်။ 


ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အောင်ကျော်ကျော်