
ထိုင်ယုအန် အောက်တိုဘာ ၁၁
တရုတ်နိုင်ငံ ရှန်းစီပြည်နယ် မြောက်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးမှု ဖြစ်ပေါ်ပြီး လူပေါင်း ၁၂၀၀၀၀ ကျော်ကို ယာယီဘေးလွတ်ရာ သို့ ရွှေ့ပြောင်းပေးခဲ့ရသည်ဟု အာဏာပိုင်များက အောက်တိုဘာ ၁၀ ရက်တွင် ပြောသည်။
အောက်တိုဘာ ၂ ရက်မှ အောက်တိုဘာ ၇ ရက် ဝန်းကျင် အထိ ပြည်နယ်အတွင်း မိုးသည်း ထန်စွာရွာသွန်းမှု ဖြစ်ပေါ်ခဲ့ သည်ဟု ဆင်ဟွာသတင်းဌာန တွင် ဖော်ပြထားသည်။ ရေကြီး မှုကြောင့် မြို့နှင့် ခရိုင် ၇၆ ခုမှ ဒေသခံ ၁ ဒသမ ၇၆ သန်း ၏ဘဝများကို ထိခိုက်ခဲ့ရ သည်ဟု ပြည်နယ်အရေးပေါ် စီမံခန့်ခွဲရေးဌာနက ပြောသည်။
ရေကြီးမှုကြောင့် သီးနှံ စိုက်ခင်း ၁၉၀၀၀၀ ဟက်တာ ပျက်စီးခဲ့ရပြီး နေအိမ်ပေါင်း ၁၇၀၀၀ ပျက်စီးခဲ့ရသည်ဟု အဆိုပါဌာနက ပြောသည်။ ယာယီ တဲပေါင်း ၄၀၀၀ နှင့် ခေါက်ခုတင် ၃၂၀၀၊ အဝတ်အထည်များနှင့် သဘာဝဘေးဒဏ်ကာကွယ်ရေးပစ္စည်းများကို ခွဲဝေပေးခဲ့သည်ဟု လည်း အရေးပေါ်စီမံခန့်ခွဲရေး ဌာနကပြောသည်။
အစိုးရကလည်း ကယ်ဆယ် ရေးလုပ်ငန်းများ ဆောင်ရွက်ရန် အတွက် အရေးပေါ်တုံ့ပြန်ရေး အဖွဲ့ကို ရေဘေးဒဏ်ခံဒေသသို့ စေလွှတ်ထားကြောင်း သိရသည်။
ဆင်ဟွာ၊
အင်န်အိတ်ချ်ကေ