
ဟနွိုင်း အောက်တိုဘာ ၁၁
ဗီယက်နမ်နိုင်ငံတွင် ကိုဗစ်-၁၉ ထပ်မံ ကူးစက်သူ ၃၆၁၉ ဦးရှိလာကြောင်း ဖော်ပြခဲ့ပြီး ပြည်ပကူးစက်သူ နှစ်ဦးနှင့် ပြည်တွင်းကူးစက်သူ ၃၆၁၇ ဦး ဖြစ် ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာသည်။
ကိုဗစ်-၁၉ ထပ်မံကူးစက်မှုနှင့်အတူ နိုင်ငံတွင်း ကိုဗစ်-၁၉ ကူးစက်သူပေါင်း ၈၄၃၂၈၁ ဦးအထိ ရှိလာပြီး ၂၀၆၇၀ သေဆုံးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီး ဌာနက ဆက်လက် သတင်းထုတ်ပြန် ဖော်ပြခဲ့သည်။
ကိုဗစ်-၁၉ အစုလိုက်ကူးစက်မှု အများစုမှာ တောင်ပိုင်းဒေသများမှဖြစ် ကာ ကိုဗစ်-၁၉ ကူးစက်ရာ ဗဟိုချက် နေရာဖြစ်သည့် ဟိုချီမင်းမြို့မှ ၁၅၂၇ ဦး၊ အနီးနားရှိ ဘင်ဒေါင်းပြည်နယ်မှ ၄၄၆ ဦး နှင့် ဒွန်နိုင်းပြည်နယ်မှ ၄၉၉ ဦးတို့ ဖြစ်ကြ သည်။
ကိုဗစ်-၁၉ ကူးစက်မှုမှ ပြန်လည် ကျန်းမာလာသူ ၇၈၄၇၄၈ ဦး ရှိလာပြီး နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီးသူပေါင်းမှာလည်း ၅၄ သန်း ကျော်လွန်လာပြီဖြစ်သည်။
ဆင်ဟွာ