နယူးဇီလန်နိုင်ငံ၌ ကျန်းမာရေးဝန်ထမ်းများနှင့် ဆရာ ဆရာမများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံသွားမည်

ဝယ်လင်တန်   အောက်တိုဘာ   ၁၁

နယူးဇီလန်နိုင်ငံရှိ ဆရာ ဆရာမများနှင့် ကျန်းမာရေး ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ်ကြောင်း နယူးဇီလန်နိုင်ငံ ကိုဗစ်-၁၉   ရောဂါဆိုင်ရာတုံ့ပြန်ဆောင်ရွက်ရေး  ဝန်ကြီး ခရစ်ဟစ်ကင်က ယနေ့ ပြောကြားသည်။ 


ကိုဗစ်-၁၉ ရောဂါကူးစက်ရန်   အခွင့်အလမ်း များပြားသောနိုင်ငံ၏ ကျန်းမာရေးကဏ္ဍနှင့် မသန်စွမ်း သူများစောင့်ရှောက်ရေးကဏ္ဍတို့၌ တာဝန်ထမ်းဆောင် နေသော   ဝန်ထမ်းများအား  အောက်တိုဘာ ၃၀ ရက်တွင်   ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးပထမ အကြိမ် စတင်ထိုးနှံပေးသွားမည်ဖြစ်ပြီး ဒီဇင်ဘာ ၁ ရက်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယ အကြိမ် ထိုးနှံပေးပြီးဖြစ်ရန် ရည်ရွယ်ထားကြောင်း ၎င်းက ပြောကြားသည်။ 

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှု ခံယူရမည့်သူများတွင် သမားတော်ကြီးများ၊ ဆေးဝါး ပညာရှင်များ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ထမ်း များပါဝင်သည်။ 

ဆရာ ဆရာမများအပါအဝင် ပညာရေးဝန်ထမ်း များနှင့် မူလတန်းကြိုကျောင်းရှိ ဝန်ထမ်းများအား  နိုဝင်ဘာ ၁၅ ရက်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးပထမအကြိမ် ထိုးနှံပေးသွားမည်ဖြစ်ပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင်      ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး    ဒုတိယအကြိမ်ထိုးနှံပေးသွားမည် ဖြစ်သည်။                            

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-စိုးသူရ