ဂျပန်နိုင်ငံ၏ လူဦးရေ ၆၄ ရာခိုင်နှုန်းကျော် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုခံယူပြီးဖြစ်

တိုကျို    အောက်တိုဘာ    ၁၁


ဂျပန်နိုင်ငံရှိ လူဦးရေ၏ ၆၄ ရာခိုင်နှုန်းကျော်မှာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုခံယူပြီးကြောင်း သိရသည်။ 
နိုင်ငံအတွင်းရှိ လူဦးရေ ၉၃ ဒသမ ၁ သန်းကျော်မှာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးတစ်ကြိမ် ထိုးနှံ ပြီးစီးခဲ့ပြီး ၈၁ ဒသမ ၄ သန်းကျော်မှာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံမှုခံယူပြီးစီးခဲ့ကြောင်း အစိုးရက ပြောကြားသည်။  အသက် ၆၅ နှစ်အထက်ရှိသူ  နိုင်ငံသားများ၏  ၉၀ ဒသမ ၉ ရာခိုင်နှုန်းမှာ အနည်းဆုံး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးတစ်ကြိမ် ထိုးနှံပြီးစီးခဲ့ပြီး ၎င်းအသက်အရွယ်ရှိ နိုင်ငံသားများ၏ ၈၉ ဒသမ ၈ ရာခိုင်နှုန်းမှာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံမှုခံယူပြီးစီးခဲ့ကြောင်း သိရသည်။ 


ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံလိုသော နိုင်ငံသားများအား ယခုလအတွင်း သို့မဟုတ် လာမည့်လ အစောပိုင်းတွင် ကာကွယ်ဆေးထိုးနှံပြီးစီးရန် အစိုးရကဆောင်ရွက်လျက်ရှိသည်။ 

ကိုးကား-အင်န်အိတ်ချ်ကေ၊ ဘာသာပြန်-စိုးသူရ