
ဆိုးလ် အောက်တိုဘာ ၁၂
တောင်ကိုရီးယားနိုင်ငံသည် ဗီယက်နမ်နှင့် ထိုင်းနိုင်ငံ သို့ ကိုဗစ်-၁၉ ကာကွယ်ဆေးများ လှူဒါန်းမည် ဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ဌာနက အောက်တိုဘာ ၁၂ ရက်က ပြောကြားလိုက် သည်။
တောင်ကိုရီးယားနိုင်ငံသည် ဗီယက်နမ်နိုင်ငံ အတွက် အက်စ်ထရာဇနီကာ ကိုဗစ်-၁၉ ကာကွယ် ဆေး ၁ ဒသမ ၁ သန်းနှင့် ထိုင်းနိုင်ငံအတွက် ၄၇၀၀၀၀ ကို ထောက်ပံ့ပေးသွားမည် ဖြစ်သည်။ ကာကွယ်ဆေးများသည် ဗီယက်နမ်နိုင်ငံနှင့် ထိုင်း နိုင်ငံသို့ အောက်တိုဘာ ၆ ရက်တွင် ရောက်ရှိရန် စီစဉ်ထားသည်။
ကာကွယ်ဆေးတောင်းဆိုမှုများ အရသော် လည်းကောင်း၊ နိုင်ငံခြားတိုင်းပြည်များတွင် နေထိုင် သော တောင်ကိုရီးယားနိုင်ငံသားများ၏ လုံခြုံရေး အရသော် လည်းကောင်း၊ နိုင်ငံခြားရေးမူဝါဒနှင့် ကိုဗစ်-၁၉ အခြေအနေအရသော် လည်းကောင်း စသည့်အချက်များကို အခြေခံပြီး ကိုဗစ်-၁၉ ကာကွယ်ဆေးလှူဒါန်းမည့်နိုင်ငံများကို ရွေးချယ် သွားမည်ဖြစ်သည်။ ဆင်ဟွာ