ထိုင်းနိုင်ငံတွင် ကိုဗစ်-၁၉  နောက်ထပ်ကူးစက်ခံရသူ  ၉၄၄၅ ဦး တွေ့ရှိ 


 

ဘန်ကောက်   အောက်တိုဘာ  ၁၂


ထိုင်းနိုင်ငံတွင် အောက်တိုဘာ ၁၂ ရက်က ကိုဗစ်-၁၉ နောက်ထပ်ကူးစက်ခံရသူ ၉၄၄၅ ဦး ထပ်မံ တွေ့ရှိခဲ့ပြီး စုစုပေါင်းကူးစက်ခံရသူ အရေအတွက် မှာ ၁ ဒသမ ၇၃ သန်းကျော် ရှိလာသည်။ သေဆုံး သူဦးရေမှာလည်း ၈၄ ဦး တိုးလာသည့်အတွက်  စုစုပေါင်းသေဆုံးသူ ၁၇၈၃၅ ဦးဖြစ်လာခဲ့သည်ဟု ကိုဗစ် - ၁၉ အခြေအနေများ စီမံခန့်ခွဲမှုစင်တာက ပြောသည်။ 
တိုင်းပြည်၏   နေရာအစိတ်အပိုင်း    အတော် များများတွင်   လပေါင်းများစွာကြာ   အသွားအလာ ပိတ်ဆို့ကန့်သတ်မှုများ   ပြုလုပ်ခဲ့ပြီးနောက် ကူးစက်မှုနှုန်းနှင့်     သေဆုံးမှုနှုန်းမှာလည်း တည်ငြိမ်လာသည့် အနေအထားသို့ ရောက်ရှိလာ သည်။  
ထိုင်းနိုင်ငံအတွင်း ယခုအချိန်အထိ ကိုဗစ်-၁၉ ကာကွယ်ဆေးအလုံးရေ  ၆၁ သန်း ထိုးပေးပြီး ဖြစ်သည်။ ကာကွယ်ဆေးအပြည့်ထိုးပြီးသူ အရေအတွက်မှာ ၃၃ ရာခိုင်နှုန်းကျော်ရှိသည်။ တစ်ကြိမ်ကာကွယ်ဆေး ထိုးပြီးသူ ၅၀ ရာခိုင်နှုန်း ထက်မနည်းရှိသည်ဟုသိရသည်။                                             
ဆင်ဟွာ