တောင်ကိုရီးယားက ဗီယက်နမ်နှင့် ထိုင်းသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ လှူဒါန်းမည်

ဆိုးလ်   အောက်တိုဘာ   ၁၂


တောင်ကိုရီးယားနိုင်ငံသည်   ဗီယက်နမ် နိုင်ငံနှင့် ထိုင်းနိုင်ငံသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ     လှူဒါန်းမည်ဖြစ် ကြောင်း  တောင်ကိုရီးယားနိုင်ငံခြားရေး ဝန်ကြီးဌာနက   ယနေ့တွင်  ပြောကြား သည်။


တောင်ကိုရီးယား      နိုင်ငံသည် ဗီယက်နမ်နိုင်ငံအတွက်  AstraZeneca ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအလုံးရေ  ၁ ဒသမ ၁ သန်းနှင့် ထိုင်းနိုင်ငံအတွက် AstraZeneca ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးအလုံးရေ ၄၇၀၀၀၀ ထောက်ပံ့ပေး မည်ဖြစ်ကြောင်း သိရသည်။ 


အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးများ ဗီယက်နမ်နိုင်ငံနှင့် ထိုင်းနိုင်ငံသို့  တင်ပို့မှုကို     ယနေ့တွင်   စတင်မည် ဖြစ်ကြောင်း သိရသည်။
တောင်ကိုရီးယားနိုင်ငံအစိုးရသည် ကိုဗစ်-၁၉   ကပ်ရောဂါကို   ကျော်လွှား နိုင်ရန် ကမ္ဘာတစ်ဝန်း ကြိုးပမ်းမှုများတွင်  ပါဝင်ဆောင်ရွက်ရန်  ကိုဗစ်-၁၉  ရောဂါ ကာကွယ်ဆေးများ       လှူဒါန်းခြင်းကို  ဆက်လက်          ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း   တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက  ပြောကြား သည်။
တောင်ကိုရီးယားနိုင်ငံသည်  လက်ရှိ တွင် နိုင်ငံအတွင်းရှိ လူဦးရေစုစုပေါင်း၏  ၇၇ ဒသမ ၉ ရာခိုင်နှုန်းအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတစ်ကြိမ်ထိုးနှံပြီး ဖြစ်ကြောင်းနှင့် ၅၉ ဒသမ ၆ ရာခိုင်နှုန်း အား  ကိုဗစ်-၁၉  ရောဂါ ကာကွယ်ဆေး  နှစ်ကြိမ်ထိုးနှံပေးပြီးဖြစ်ကြောင်း   သိရ သည်။              

 

       ကိုးကား- ဆင်ဟွာ
ဘာသာပြန်- အလင်းသစ်