နိုဝင်ဘာလမှစတင်၍ ထိုင်းနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသည်များ လာရောက်ခွင့်ပြုမည်

ဗန်ကောက်   အောက်တိုဘာ   ၁၂


ထိုင်းနိုင်ငံသည်   ကိုဗစ်-၁၉   ရောဂါ ဖြစ်ပွားမှု   ကျဆင်းလာသော ကမ္ဘာ့နိုင်ငံ များမှ  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ရေအပြည့်     ထိုးနှံပြီးစီးသည့်    ခရီးသွားများအား နိုဝင်ဘာလမှစတင်၍       နိုင်ငံအတွင်းသို့        ပြန်လည်လာရောက် လည်ပတ်ခွင့်ပြုမည်ဟု သိရသည်။ 


ထိုင်းနိုင်ငံသို့လာရောက် ခွင့်ပြုသည့် နိုင်ငံများစာရင်းတွင်  တရုတ်၊   ဂျာမနီ၊ ဗြိတိန်၊ စင်ကာပူနှင့် အမေရိကန်နိုင်ငံများမှ  နိုင်ငံသားများပါဝင်ကြောင်း သိရသည်။
ထိုင်းနိုင်ငံသည်      လက်ရှိအချိန်တွင် ခရီးသွားလုပ်ငန်းကို ပြန်လည်မြှင့်တင်ရန် ဆောင်ရွက်လျက်ရှိသည်။     ယမန်နှစ် ဧပြီလမှစတင်၍ နိုင်ငံအတွင်း ခရီးသွား များ ဝင်ရောက်ခြင်းကို ကန့်သတ်ခဲ့သဖြင့်  နိုင်ငံ၏ ခရီးသွားလုပ်ငန်းကျဆင်းခဲ့သည်။ 


ထိုင်းနိုင်ငံ၌ ယနေ့တွင် ကိုဗစ်-၁၉ ရောဂါ  ကူးစက်ခံရသူ   ၉၄၄၅  ဦးကို ထပ်မံတွေ့ရှိရသဖြင့်      နိုင်ငံအတွင်း   ရောဂါကူးစက်ခံရသူပေါင်း  ၁ ဒသမ ၇၃  သန်းကျော်ရှိလာကြောင်း    ထိုင်းနိုင်ငံ ကိုဗစ်-၁၉  ရောဂါဆိုင်ရာ  စီမံခန့်ခွဲရေး စင်တာက ယနေ့ပြောကြားသည်။ 


ထို့ပြင်  ကိုဗစ်-၁၉   ရောဂါကြောင့် ၈၄ ဦး ထပ်မံသေဆုံးသဖြင့် နိုင်ငံအတွင်း  သေဆုံးသူပေါင်း ၁၇၈၃၅ ဦးရှိလာကြောင်း   သိရသည်။
နိုင်ငံအတွင်း စာသင်ကျောင်းများကို      နိုဝင်ဘာလတွင်     ပြန်လည်ဖွင့်လှစ် သင်ကြားနိုင်ရေးအတွက် အသက် ၁၂ နှစ်  မှ   ၁၈  နှစ်အတွင်းရှိ  ကျောင်းသား ကျောင်းသူများအား  ကိုဗစ်-၁၉  ရောဂါ ကာကွယ်ဆေး  ထိုးနှံပေးခြင်းလုပ်ငန်းကို   ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံလူဦးရေ၏  ၃၃  ရာခိုင်နှုန်းမှာ   ကိုဗစ်-၁၉     ရောဂါ   ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံမှုခံယူခဲ့ပြီး ဖြစ်သည်။ 


ကိုးကား- ဆင်ဟွာ၊ အင်န်အိတ်ချ်ကေ
ဘာသာပြန်- စိုးသူရ