ဂျီ-၂၀ အဖွဲ့ဝင်နိုင်ငံများက အာဖဂန်နစ္စတန်ပြည်သူများကို ကူညီရန် ကတိပြု

 

ရောမ  အောက်တိုဘာ   ၁၃ 


ဂျီ-၂၀ (စက်မှုထိပ်သီးနိုင်ငံများ)အဖွဲ့ဝင်နိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များသည် အာဖဂန်နစ္စတန် နိုင်ငံတွင်   ဖြစ်ပေါ်နေသော  လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများ ကို ကိုင်တွယ်ဖြေရှင်းရန် အောက်တိုဘာ ၁၂ ရက်က အရေးပေါ်အစည်းအဝေးတစ်ရပ် ကျင်းပခဲ့သည်။
အီတလီဝန်ကြီးချုပ် မာရီယိုဒရက်ဂီက အဆိုပါ အွန်လိုင်းအစည်းအဝေးကို ဥက္ကဋ္ဌအဖြစ် ဆောင်ရွက် ခဲ့သည်။  အကူအညီပေးရန် လိုအပ်သည့်အပေါ်  ခေါင်းဆောင်များက        တညီတညွတ်တည်း သဘောတူခဲ့သည်။ တာလီဘန်များနှင့် မည်သည့်ညှိနှိုင်းဆွေးနွေးမှုမျိုးမဆို လုပ်ဆောင်သွားရန်လည်း သဘောတူလက်ခံခဲ့ကြသည်။


ဂျီ-၂၀   အဖွဲ့ဝင်နိုင်ငံများက  သူတို့အနေဖြင့် အစ္စလာမ္မစ်အဖွဲ့ကို          တရားဝင်အစိုးရအဖြစ် အသိအမှတ်မပြုသေးကြောင်း ပြောကြားခဲ့သည်။ တာလီဘန်များသည် သြဂုတ်လက အာဏာရယူခဲ့ သည်။ ထိုသို့ အာဏာရယူခဲ့သောကြောင့် နိုင်ငံ တကာ  ခေါင်းဆောင်များက  အာဖဂန်နိုင်ငံ၏ ပိုင်ဆိုင်မှုများကို ပိတ်ထားလိုက်ပြီး အကူအညီများ ဖြတ်တောက်ခဲ့သည်။


အာဖဂန်ပြည်သူများကို   နိုင်ငံတကာအဖွဲ့ အစည်းများမှတစ်ဆင့် အကူအညီအသစ်များပေးရန် ဂျီ-၂၀   ခေါင်းဆောင်များက  သဘောတူခဲ့သည်။  ဥရောပသမဂ္ဂက အမေရိကန်ဒေါ်လာ တစ်ဘီလီယံ ကျော်ပေးရန် ကတိပြုခဲ့သည်။ 


ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီးဒါးက အမေရိကန် ဒေါ်လာ   သန်း  ၁၉၀  ပေးရန် သဘောတူခဲ့သည်။ လူ့အခွင့်အရေးကို   ကာကွယ်ရန်   အထူးသဖြင့် အမျိုးသမီးများကို ကာကွယ်ရန် အရေးကြီးကြောင်း ပြောခဲ့သည်။ 


တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက အမေ ရိကန်ဒေါ်လာ သန်း ၃၀ ပေးရန် ကတိပြုခဲ့သည်။ ထို့အပြင် နိုင်ငံများအနေဖြင့် အရေးယူပိတ်ဆို့မှု များကို ဖယ်ရှားပေးသင့်ပြီး အာဖဂန်ပြည်သူများ အနေဖြင့်သူတို့၏ အနာဂတ်ဘဝကို သူတို့ကိုယ်တိုင် ဆုံးဖြတ်ချက်ချသင့်ကြောင်း ပြောခဲ့သည်။ 


အင်န်အိတ်ချ်ကေ