အီရန်နိုင်ငံ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၃၃၉၁ ဦးရှိ

တီဟီရန်   အောက်တိုဘာ   ၁၃


အီရန်နိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရ သူ ၁၃၃၉၁ ဦးရှိခြင်းကြောင့်   နိုင်ငံတစ်ဝန်းတွင်   ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူစုစုပေါင်း ၅၇၂၉၇၈၅ ဦးရှိလာကြောင်း အီရန်ကျန်းမာရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။


ထို့ပြင် အီရန်နိုင်ငံ၌   လွန်ခဲ့သည့်တစ်ရက်အတွင်း  ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၂၁၃ ဦးရှိခြင်းကြောင့် လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူစုစုပေါင်း ၁၂၃၀၈၁ ဦးရှိလာကြောင်း သိရ သည်။


အီရန်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ တရားဝင်ဝက်ဘ်ဆိုက်မှ ဖော်ပြချက်အရ အီရန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာ သဖြင့် ဆေးရုံအသီးသီးမှ ဆင်းခွင့်ရရှိသူ စုစုပေါင်း ၅၂၄၉၉၅၆ ဦး ရှိလာ ကြောင်းနှင့် အထူးကြပ်မတ်ကုသဆောင်များ၌ ဆေးဝါးကုသမှုခံယူလျက် ရှိသူ စုစုပေါင်း ၅၁၂၄ ဦးရှိကြောင်း သိရသည်။


အီရန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တစ်ကြိမ်ထိုးနှံပြီးသူ စုစုပေါင်း ၄၆၂၅၀၅၀၁ ဦးရှိကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးသူစုစုပေါင်း ၂၀၇၇၈၈၈၀ ရှိကြောင်း သိရသည်။


ကိုးကား - ဆင်ဟွာ၊ ဘာသာပြန် - အလင်းသစ်