ရေလှောင်တမံဝန်းကျင်ဒေသ၏ ဘေးကင်းလုံခြုံမှု တည်နေရာပြမြေပုံပြုစု

 
 
 
နေပြည်တော် မတ် ၂၆
 
 
ရေလှောင်တမံ ဝန်းကျင်ဒေသ၏ ဘေးကင်းလုံခြုံမှု တည်နေရာပြမြေပုံ ပြုစုတင်ပြခြင်းကို ယနေ့မွန်းလွဲပိုင်း တွင် နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာအောင်သူ၊ ဒုတိယ ဝန်ကြီး ဦးလှကျော်၊ အမြဲတမ်းအတွင်း ဝန် ဦးကျော်မင်းဦးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဗိုလ်ဗိုလ် ကျော်က HEC-RAS Model နှင့် GIS နည်းပညာများ အသုံးပြု၍ ဘေးကင်း လုံခြုံမှု တည်နေရာပြမြေပုံပြုစုမှု လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြ သည်။
တင်ပြချက်များ အပေါ် ပြည်ထောင်စုဝန်ကြီးက ပြောင်းလဲ လာလျက်ရှိနေသည့် ရာသီဥတု၏ သက်ရောက်မှုဒဏ်ကို ကမ္ဘာ့ဒေသ အသီးသီးတွင် ခံစားရလျက်ရှိကြောင်း၊ မိမိတို့ ဝန်ကြီးဌာနအနေဖြင့် စားနပ်ရိက္ခာ ဖူလုံပိုလျှံရေးသာမက အစားအစာ ဘေးကင်းလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်များကြောင့် ဖြစ်ပေါ်လာနိုင်သည့် ထိခိုက်မှုများ အနည်းဆုံးအဆင့် ဖြစ်စေရေး ကြိုတင်အစီအမံများကို အလေး ထား ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် စိုက်ပျိုးရေ သောက်သုံးရေရရှိရေးနှင့် ဒေသစိမ်းလန်းစိုပြည်ရေးတို့အတွက် တည်ဆောက်ထားရှိသော ဆည်တမံ ကြီးများ၏ ဘေးကင်းလုံခြုံရေး လုပ်ငန်းများကို ပြည်တွင်း ပြည်ပ ပညာရှင်များ၏ ပူးပေါင်းမှုတို့ဖြင့် တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း၊ မမျှော်မှန်းနိုင်သော သဘာဝဘေး အန္တရာယ်များကြောင့် တမံကြီးများ ထိခိုက်မှုဖြစ်ပေါ်ခဲ့ပါက ဒေသနေ ပြည်သူများ ဘေးကင်းလုံခြုံမှုရှိရာသို့ အမြန်ဆုံး ရှောင်တိမ်းနိုင်မည့် အနီးဆုံးခိုလှုံရာ နေရာများ ရှာဖွေ ဖော်ထုတ်ပေးခြင်း၊ ရေလမ်းကြောင်း အခြေအနေ၊ ရေလွှမ်းနိုင်မည့် ဧရိယာ များကို ဒေသနေပြည်သူများအား အသိပေးလမ်းညွှန်နိုင်မည့် ဘေးကင်း လုံခြုံမှု တည်နေရာပြမြေပုံ ဖော်ထုတ် ရေးဆွဲခြင်းကို ယခုဆောင်ရွက်မည့် တောင်နဝင်းဆည်ကဲ့သို့ နိုင်ငံ တစ်ဝန်းရှိ အခြားဆည်များကိုလည်း ဦးစားပေးအလိုက် စနစ်တကျရေးဆွဲ ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။ (ယာပုံ)
ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံ ခန့်ခွဲရေးဦးစီးဌာန အနေဖြင့် ရေလှောင်တမံများ ဘေးကင်းလုံခြုံမှု လုပ်ငန်းစဉ်များကို ယခင်ကထက် ပို၍အလေးထား ဆောင်ရွက်လျက်ရှိ ရာတွင် ဘေးအန္တရာယ်ကြိုတင် ပြင်ဆင်ရေးစီမံချက် (Emergency Preparedness Plan) ကို ရေးဆွဲပြီး လိုက်နာအကောင်အထည်ဖော်လျက် ရှိသည်။ EPP ရေးဆွဲဆောင်ရွက်ရာ တွင် အဓိကကျသည့် ဘေးကင်းလုံခြုံမှု တည်နေရာပြမြေပုံပြုစုခြင်းကို ကနဦး စီမံချက်အနေဖြင့် တောင်နဝင်း ရေလှောင်တမံကို ရွေးချယ်၍ နိုင်ငံ တကာ အဖွဲ့အစည်းများဖြစ်သည့် World Bank, USACE နှင့် KRC တို့၏ နည်းပညာ အကူအညီများဖြင့် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲ ရေးဦးစီးဌာန အင်ဂျင်နီယာဝန်ထမ်း များက ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ရေလှောင်တမံ အောက်ဘက် ဒေသများတွင် နေထိုင်လျက်ရှိကြသည့် ဒေသခံ ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်များ ထိခိုက်မှုမရှိစေရန် တမံများကြံ့ခိုင်မှုနှင့် လုံခြုံရေး အစီအမံများ စနစ်တကျရေးဆွဲ ချမှတ်ဆောင်ရွက်လျက်ရှိသော်လည်း မမျှော်လင့်သော သဘာဝဘေးများ ကြောင့် ရေလှောင်တမံ ကျိုးပေါက်မှု ဖြစ်ပေါ်လာပါက ဒေသနေပြည်သူ များအတွက် ဘေးကင်းလုံခြုံသည့် ကုန်းမြင့်တည်နေရာများ သိရှိ ရှောင်တိမ်းနိုင်ကြစေရန် ဒေသ၏ လက်ရှိ မြေမျက်နှာအသွင်ပြင်အရ ရေလမ်းကြောင်း၊ ရေစီးနှုန်းကြာမြင့် ချိန်၊ ဖြစ်ပေါ်လာနိုင်သည့် ရေပြင် အတိမ်အနက် ၊ ရေလွတ်ကုန်းမြေ တို့ပါဝင်သည့် ဘေးကင်းလုံခြုံမှု တည်နေရာပြမြေပုံကို ဒေသခံပြည်သူ များအား ကြိုတင်ချပြပေးခြင်းဖြင့် ဘေးလွတ်ရာသို့ အန္တရာယ်ကင်းရှင်း စွာ ရောက်ရှိစေမည်ဖြစ်သည်။
အဆိုပါလုပ်ငန်း၏ ကနဦးစီမံ ချက်အဖြစ် ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ်ရှိ တောင်နဝင်းရေလှောင်တမံ ဧရိယာ တွင် စတင်ဆောင်ရွက်ခြင်းဖြစ်ကာ ၂၀၂၀ ပြည့်နှစ် မိုးရာသီကာလမတိုင်မီ ဒေသနေပြည်သူများအား ချပြ ရှင်းလင်းခြင်းကို ဆောင်ရွက်မည်ဖြစ် ပြီး ကျန်ရှိသော ရေလှောင်တမံများကို လည်း ဦးစားပေးအလိုက် စီမံ ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
 
 
 
သတင်းစဉ်