တောင်ကိုရီးယား၌ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၉၄၀ တွေ့ရှိ

ဆိုးလ်  အောက်တိုဘာ  ၁၄


တောင်ကိုရီးယားနိုင်ငံ၌ ယမန်နေ့က ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၉၄၀ ကို ထပ်မံတွေ့ရှိရသဖြင့် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက် ခံရသူပေါင်း ၃၃၇၆၇၉ ဦး ရှိလာကြောင်း သိရသည်။ 


နိုင်ငံအတွင်း၌ ဇူလိုင် ၇ ရက်မှ စတင်၍  နေ့စဉ်  ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၀၀၀ ကျော်ရှိလာကြောင်း သိရသည်။ မကြာသေးမီက ဆိုးလ်မြို့ပြဒေသ၌ လူအစုလိုက်အပြုံလိုက် ကိုဗစ်-၁၉ ရောဂါ ကူးစက် မှုများရှိခဲ့ကြောင်း သိရသည်။ ယခုကိုဗစ်-၁၉ ရောဂါ ထပ်မံကူးစက်ခံရသူ များတွင်  ဆိုးလ်ဒေသခံ ၇၄၅ ဦး၊  ဂျောင်ဂီပြည်နယ်၌ ၆၈၄ ဦးနှင့် အင်ချွန်မြို့၌ ၁၄၁ ဦး ရှိကြောင်း သိရသည်။   ထို့ပြင်    နိုင်ငံအတွင်း ပြည်ပမှ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၆ ဦးကို ထပ်မံတွေ့ရှိရ သဖြင့် ပြည်ပမှ  ကိုဗစ်-၁၉ ရောဂါ  ကူးစက်ခံရသူပေါင်း ၁၄၇၆၆ ဦး ရှိလာခဲ့ သည်။ နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကြောင့်  သေဆုံးသူပေါင်း ၂၆၁၈ ဦး( သုည ဒသမ ၇၈ ရာခိုင်နှုန်း)ရှိလာပြီး ကိုဗစ်-၁၉ ရောဂါမှ  ပြန်လည် ကျန်းမာလာသူပေါင်း ၃၀၃၇၁၉ ဦး (၈၉ ဒသမ ၉၄ ရာခိုင်နှုန်း) ရှိလာ သည်။ နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးစတင်ထိုးနှံခဲ့သော ဖေဖော်ဝါရီ ၂၆ ရက်မှစတင်၍    လက်ရှိအချိန်အထိ    နိုင်ငံသား ၃၁၆၂၅၁၀၄ ဦးအား    ကိုဗစ်-၁၉ ရောဂါ   ကာကွယ်ဆေးနှစ်ကြိမ် 
ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။  


ကိုးကား - ဆင်ဟွာ၊ ဘာသာပြန် - စိုးသူရ