
ဂျကာတာ အောက်တိုဘာ ၁၆
အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း တွင် အောက်တိုဘာ ၁၆ ရက် အစောပိုင်းက ပြင်းအား ၄ ဒသမ ၈ မဂ္ဂနီကျုရှိ ငလျင်လှုပ်ခဲ့ရာ နေအိမ်များ ပျက်စီးမှုဖြစ်ပေါ်ခဲ့ သည်။ ငလျင်ကြောင့် သုံးဦး သေဆုံးခဲ့ပြီး ခုနစ်ဦး ဒဏ်ရာရ ရှိခဲ့သည်။
နောက်ထပ် တစ်ဦးမှာမူ အပျက်အစီးများအောက်တွင် ပိမိ နေဆဲဖြစ်သည်။ ဒေသစံတော်ချိန် နံနက် ၃ နာရီ ၁၈ မိနစ်တွင် ငလျင်လှုပ်မှု ဖြစ်ပွားခဲ့ပြီး အနောက်မြောက်ပိုင်း ကာရန် ဂါဆန်ခရိုင်ကို ဦးတည်ကာ ငလျင်လှုပ်ခဲ့သည်ဟု မိုးလေဝသ၊ ရာသီဥတုနှင့် ဘူမိဗေဒ၊ ရူပဗေဒ အေဂျင်စီက ပြောသည်။
လွန်ဘော့ကျွန်းအနီးထိ လှုပ် ခတ်မှုဒဏ်ကို ခံစားရသည်။ ငလျင်လှုပ်မှုကြောင့် ဆူနာမီ လှိုင်းများ ဖြစ်ပေါ်လာခြင်း မရှိဟု လည်း သိရသည်။
ငလျင်ကြောင့် ပျက်စီးဆုံးရှုံး မှုများကို အကဲဖြတ်လျက်ရှိသည် ဟု ဘာလီကျွန်းသဘာဝဘေး စီမံ ခန့်ခွဲမှုအေဂျင်စီမှ အရာရှိတစ်ဦး ဖြစ်သူ ဂီဒီ အက်ဒ်ဟီ တီနာ ပူထရာက ပြောသည်။
ငလျင်ကြောင့် မြေပြိုမှုများ လည်း ဖြစ်ပေါ်စေခဲ့သည်ဟု ၎င်း က ဆက်ပြောသည်။
ဆင်ဟွာ