လုပ်သက်အရှည်ဆုံး ဗြိတိန်ပါလီမန်အမတ် မဲဆန္ဒရှင်များနှင့် တွေ့ဆုံစဉ် ဓားထိုးခံရပြီး သေဆုံး

 

လန်ဒန် အောက်တိုဘာ ၁၆


ဝါရင့်ဗြိတိန်ပါလီမန်  အမတ်တစ်ဦးသည် အင်္ဂလန်အရှေ့ပိုင်း ဘုရားရှိခိုးကျောင်းအတွင်း မဲဆန္ဒရှင်များနှင့်  တွေ့ဆုံစဉ် ဓားထိုးခံရမှုကြောင့် သေဆုံးခဲ့သည်။
၎င်းမှာ    ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်၏ ကွန်ဆာဗေးတစ်ပါတီမှ     ဒေးဗစ် အေမက်စ်ဆိုသူ ဖြစ်ပြီး     အောက်တိုဘာ ၁၅ ရက်  မွန်းလွဲပိုင်းတွင်  အက်ဆက်ခရိုင်ရှိ  ၎င်း၏မဲဆန္ဒနယ်မှ  မဲဆန္ဒရှင်များ နှင့် တွေ့ဆုံစဉ်   ဓားဖြင့် အထိုးခံရခြင်းဖြစ်သည်။ အဆိုပါ  တိုက်ခိုက်မှုနှင့်   ဆက်စပ်မှုရှိသည့်  အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦးကို ရဲများက   ဖမ်းဆီး ခဲ့သည်။    ထို့နောက်    အကြမ်းဖက်တိုက်ခိုက်မှုနှင့် ပတ်သက်၍    စုံစမ်းစစ်ဆေးမှုများ   ပြုလုပ်လျက်ရှိသည်။ 

 


ယခု  ဖမ်းဆီးထားသည့်    သံသယရှိသူတစ်ဦး တည်းသာ  လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ရဲများက  ယူဆကြသည်။   အသက် ၆၉ နှစ်အရွယ်ရှိ  အေမက်စ် မှာ ၁၉၈၃ ခုနှစ်ကတည်းက   လွှတ်တော်အမတ်အဖြစ် လုပ်ကိုင်ခဲ့ပြီး    အောက်လွှတ်တော်တွင်   လုပ်သက် အရှည်ဆုံးထဲမှ တစ်ဦးဖြစ်သည်။  

 


အခြားသော ဗြိတိန်ပါလီမန်အမတ်တစ်ဦးမှာ လည်း ၂၀၁၆ ခုနှစ်က တိုက်ခိုက်ခံရပြီး အသက်ဆုံးရှုံး ခဲ့ရသည်။    ဥရောပသမဂ္ဂမှ     အီးယူနုတ်ထွက်ရေးလူထုသဘောထားခံယူပွဲအတွက်   ပြင်ဆင်နေစဉ် လေဘာပါတီမှ အမတ်တစ်ဦးမှာ ပစ်သတ်ခံခဲ့ရခြင်း ဖြစ်သည်။                              

 အင်န်အိတ်ချ်ကေ