အာဖဂန်နစ္စတန်၌ အသေခံဗုံးခွဲမှုကြောင့် သေဆုံးသူ ၄၇ ဦးအထိရှိလာ

 

ကန်ဒဟာ အောက်တိုဘာ ၁၆


အာဖဂန်နစ္စတန်နိုင်ငံ   ကန်ဒဟာ ပြည်နယ်  ဘာသာရေးအဆောက် အအုံတွင်   အောက်တိုဘာ ၁၅ ရက်က အသေခံဗုံးခွဲမှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူဦးရေမှာ  ၄၇ ဦးအထိ ရှိလာခဲ့သည်။ 

 


ဒဏ်ရာရရှိသူ အရေအတွက် မှာလည်း ၉၀ အထိ    ရှိလာသည် ဟု     ဒေသခံအရာရှိတစ်ဦးက အောက်တိုဘာ   ၁၆  ရက်တွင် ပြောသည်။ 
ပေါက်ကွဲမှုမှာ            ရှီယိုက် ဘာသာရေး     အဆောက်အအုံ အတွင်း    ဖြစ်ပွားခဲ့ပြီး   ဝတ်ပြုသူ ရာနှင့်ချီ၍    ရှိနေစဉ်  ဖောက်ခွဲမှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ယဉ်ကျေး မှုနှင့်     သတင်းအချက်အလက် ညွှန်ကြားမှုဦးစီးဌာနမှ    ဟိုင်အစ်ဖ် ဆေယက်က ပြောသည်။ 

 


အစောပိုင်းက     ပေါက်ကွဲမှု ကြောင့်   သေဆုံးသူ  ၃၂ ဦးနှင့် ဒဏ်ရာရရှိသူ ၆၈ ဦး ရှိသည်ဟု အတည်ပြုထားရာ   နောက်ပိုင်း တွင်   သေဆုံးသူမှာ ၄၇ ဦးနှင့် ဒဏ်ရာရရှိသူ  ၉၀ အထိ   ရှိလာသည်။ 

 


အဆိုပါ       တိုက်ခိုက်မှု၏ လက်သည်တရားခံမှ  အိုင်အက်စ် အုပ်စုဖြစ်သည်ဟု      အိုင်အက်စ် တို့က     ကြေညာချက်ထုတ်ပြန် သည်။    အဆိုပါ   ကြောက်မက် ဖွယ်   တိုက်ခိုက်မှုတွင်     တိုက်ခိုက် ရေးသမားနှစ်ဦး     ပါဝင်သည်ဟု  အိုင်အက်စ်တို့က    ကြေညာချက် ထုတ်ပြန်သည်။ 

ဆင်ဟွာ