ကိုဗစ်-၁၉ ထိန်းချုပ်မှုနှင့်အတူ ပြန်လည်အစပြုမည့် အမေရိကန်ခရီးသွားလုပ်ငန်း

 

နှင်းမိုးအိမ်

အမေရိကန်ပြည်ထောင်စုသည်     မက္ကဆီကိုနှင့် ကနေဒါနယ်စပ်တို့ကို    နိုဝင်ဘာအစောပိုင်းမှ စတင် ကာ ဖွင့်လှစ်ပေးသွားမည်ဟု သိရသည်။ 


နယ်စပ်တံခါးများ ပြန်လည်ဖွင့်လှစ်ပေးမည်


ကာကွယ်ဆေးအပြည့်        ထိုးပြီးသူများအတွက် မက္ကဆီကိုနှင့်    ကနေဒါနယ်စပ်များကို ပြန်လည် ဖွင့်လှစ်ပေးသွားမည်ဟု အိမ်ဖြူတော်မှ အဆင့်မြင့် အရာရှိတစ်ဦးက   အောက်တိုဘာ   ၁၂   ရက်တွင် ပြောကြားခဲ့သည်။ နယ်စပ်တံခါးများ   ပြန်လည် ဖွင့်လှစ်ပေးမည့် ရက်အတိအကျကို မကြာခင်အချိန် အတွင်းကြေညာပေးသွားမည်ဟု  အရာရှိတစ်ဦးက ပြောသည်။      ကုန်းကြောင်းသွားလာမှုသာမက အပြည်ပြည်ဆိုင်ရာလေကြောင်းမှ     သွားလာမှုကို လည်း    ပြန်လည်ခွင့်ပြုပေးတော့မည်ဖြစ်သည်ဟု သိရသည်။ 


ပိတ်ထားခဲ့


အမေရိကန်ပြည်ထောင်စုသည်   နိုဝင်ဘာလ အတွင်း   ကာကွယ်ဆေးအပြည့်    ထိုးပြီးသူများ လေကြောင်းမှ သွားလာခွင့်ပြုရန် စက်တင်ဘာလ ကတည်းက      ကြေညာထားခဲ့ပြီးသားဖြစ်သည်။ လေကြောင်းမှ ဝင်ရောက်မည့်ခရီးသည်များကို ဆေးစစ်ခြင်းနှင့်  ထိတွေ့သူများကို  ခြေရာခံလိုက် ခြင်းတို့ပြုလုပ်မည်ဖြစ်သည်။ ကိုဗစ် - ၁၉   ကူးစက် ပျံ့နှံ့မှုကို  လျှော့ချရန်အတွက် ဥရောပသမဂ္ဂ ၊ ဗြိတိန် နှင့်   တရုတ်နိုင်ငံတို့မှ   လာမည့်ခရီးသည်များကို ၂၀၂၀ ပြည့်နှစ်     မတ်လကတည်းက   စတင်ကာ    အမေရိကန်နိုင်ငံအတွင်းသို့  ဝင်ရောက်ခွင့် ပိတ်ထား ခဲ့သည်။ နောက်ပိုင်းတွင်  ကန့်သတ်ထားသည့်နိုင်ငံ များစာရင်းတွင်   အိန္ဒိယနှင့်   ဘရာဇီးနိုင်ငံတို့ကိုပါ ထည့်သွင်းခဲ့သည်။ 


ထိခိုက်ခံစားမှုများရှိခဲ့ 


မက္ကဆီကိုနှင့်  ကနေဒါနိုင်ငံတို့မှ လာမည့်သူများ ကိုလည်း ပိတ်ပင်ထားခဲ့သည်။ ၁၉ လကြာပိတ်ဆို့ကန့်သတ်မှုများကြောင့် လူမှုရေးနှင့် စီးပွားရေးဆိုင် ရာ ထိခိုက်ခံစားရမှုများကို ခံစားခဲ့ရသည်။ ကုန်းမြေ ချင်း   ထိစပ်နေသည့်နယ်စပ်ကို   မကြာမီ   အဆင့် နှစ်ဆင့်ဖြင့်   ပြန်လည်ဖွင့်လှစ်ပေးနိုင်တော့မည်ဟု အိမ်ဖြူတော်သတင်းအရင်းအမြစ်က ပြောသည်။ ကနဦးတွင် အရေးမကြီးသည့် ခရီးသွားလာမှုများ ဥပမာ- မိသားစုထံသွားလာမှုနှင့်   အလည်အပတ်ခရီး သွားလာမှုတို့အတွက်   ကာကွယ်ဆေးထိုးထားရန် လိုအပ်သည်။ ထိုအချိန်တွင် ကာကွယ်ဆေး မထိုးရ သေးသူများအတွက်   အရေးပေါ်   ခရီးသွားလာမှုကို လည်း ခွင့်ပြုပေးထားသည်။ 


ကာကွယ်ဆေးထိုးထားရန်လိုအပ် 


ဒုတိယအဆင့်မှာ ၂၀၂၂ ခုနှစ် ဇန်နဝါရီအစောပိုင်း ရောက်လျှင်မူ         အမေရိကန်ပြည်ထောင်စုသို့ လာရောက်မည့် ခရီးသွားများအားလုံးမှာ ကာကွယ် ဆေး   ထိုးထားရန်လိုအပ်သည်။  ခရီးသွားလာမည့် အကြောင်းအရာမှာ  အရေးကြီးသည်ဖြစ်စေ၊ အရေး မကြီးသည်ဖြစ်စေ          ကာကွယ်ဆေးထိုးထားရန် လိုအပ်သည်။ 


အဆင်ပြေချောမွေ့စေမည် 


အဆိုပါအဆင့်အတွက်   ခရီးသွားများအားလုံးကာကွယ်ဆေးထိုးပြီးရန်  လုံလောက်သည့်အချိန်ပေး ထားသည်။
ထို့ကြောင့် စနစ်အသစ်နှင့် ကူးသန်းသွားလာမှု တို့တွင်   အဆင်ပြေချောမွေ့စေမည်ဟု   အာဏာပိုင် များက ပြောသည်။   လက်ရှိ  ကုန်းမြေနယ်စပ်များတွင် ကန့်သတ်ထားသည့်ကာလမှာအောက်တိုဘာလ ၂၁ ရက်တွင်          သက်တမ်းကုန်ဆုံးပြီဖြစ်သည်။ စည်းမျဉ်းသစ်   စတင်မကျင့်သုံးမီ    ကန့်သတ်ချက် အချိန်ကာလကို ထပ်တိုးသွားဖွယ်ရှိသည်။  


ကာကွယ်ဆေးလိုအပ်ချက် 


ကာကွယ်ဆေးထိုးရာတွင်  မည်သည့်ကာကွယ် ဆေးများကို ထိုးနှံရန် လိုအပ်သနည်း။ အမေရိကန် နိုင်ငံအတွင်းသို့ ဝင်ရောက်မည့်သူများ ထိုးနှံရမည့် ကာကွယ်ဆေးနှင့်   ပတ်သက်၍   အဆင့်မြင့်အရာရှိ တစ်ဦးက  လတ်တလော   အမေရိကန်ကျန်းမာရေး အာဏာပိုင်များက  ထောက်ခံချက်ပေးထားသည့်ဆေးဝါးများကို   ဖော်ပြခဲ့သည်။   လေကြောင်းမှ ဝင်ရောက်မည့်ခရီးသည်များအတွက် အမေရိကန် အစားအသောက်နှင့်         ဆေးဝါးကွပ်ကဲရေး  (အက်ဖ်ဒီအေ) နှင့်    ကမ္ဘာ့ကျန်းမာရေးအဖွဲ့          ကြီးက    ထောက်ခံချက်ပေးထားသည့်    ကာကွယ် ဆေးထိုးထားသူများကို        ခွင့်ပြုပေးသွားမည်ဟု အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့်   ကာကွယ်ရေး စင်တာ (စီဒီစီ ) က  ပြီးခဲ့သည့်   သီတင်းပတ်အတွင်း ပြောကြားခဲ့သည်။ 


ခွင့်ပြုပေးသွားမည် 


အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ် ရေးစင်တာက နောက်ထပ်ဆုံးဖြတ်ချက်မချသေးမီ ကုန်းကြောင်းမှ    ဝင်ရောက်မည့်   ခရီးသွားများ အတွက် သတ်မှတ်ချက်မှာလည်း အလားတူပင်ဖြစ် သည်ဟု မျှော်လင့်ထားကြောင်း  အရာရှိတစ်ဦးက ပြောသည်။ ဥပမာ- အက်စ်ထရာဇနီကာ ကာကွယ် ဆေးမှာ   အမေရိကန်ပြည်ထောင်စုတွင်  ထိုးနှံပေး ခြင်း မရှိသော်လည်း အဆိုပါ  ကာကွယ်ဆေးထိုးထား သူများကိုလည်း     နိုင်ငံအတွင်းဝင်ရောက်ခွင့်ကို ခွင့်ပြုပေးသွားမည်ဟု  သိရသည်။ 


ဆက်လက်ကျင့်သုံးခဲ့ 


အမေရိကန်နိုင်ငံအတွင်းသို့ နယ်စပ်မှ တရားဝင် ဖြတ်ကျော်          ဝင်ရောက်လာသူများအတွက်သာ အကျုံးဝင်မည်ဖြစ်သည်ဟု သိရသည်။ အမေရိကန် သမ္မတဟောင်း ထရမ့်လက်ထက်က ကျင့်သုံးခဲ့သည့် ဥပဒေစည်းကမ်း ၄၂ အရ  နယ်စပ်ကိုတရားမဝင် ဖြတ်ကျော် လာသူများကို အများပြည်သူကျန်းမာရေး အကြောင်းပြချက်ဖြင့် ပြည်နှင်ဒဏ်ပေးမည်ဖြစ် သည်။  အဆိုပါ   စည်းမျဉ်းကို   လက်ရှိအမေရိကန် သမ္မတ ဂျိုးဘိုင်ဒင် လက်ထက်တွင်လည်းဆက်လက် ကျင့်သုံးလျက်ရှိသည်။ 


မျှတမှုမရှိ 


ပြီးခဲ့သည့်လအတွင်းက         ထောင်နှင့်ချီသည့် ဟေတီနိုင်ငံသားများ      အမေရိကန်-မက္ကဆီကို နယ်စပ်တွင် စုဝေးလာသည့်အခါ  အိမ်ဖြူတော်က ဥပဒေစည်းကမ်း ၄၂ ကို ကိုးကားကာ  ၎င်းတို့ကို  နယ်နှင်ဒဏ်ပေးခဲ့သည်။    ခိုလှုံရာ        ရှာဖွေသူများ အတွက် အဆိုပါ ကန့်သတ်ချက်မှာ   မျှတမှုမရှိဟု  ဝေဖန်သူများက ပြောသည်။ 


ဆေးစစ်မှုပြုလုပ်ရမည် 


လေကြောင်းမှ ဝင်ရောက်လာမည့်   ကာကွယ် ဆေးထိုးပြီးသည့် ခရီးသွားများအတွက်  အမျိုးအစား ခွဲခြားရန်    အသေးစိတ်အချက်အလက်များကို စိစစ်ဆဲဖြစ်သည်ဟု      အိမ်ဖြူတော်အရာရှိက ပြောသည်။   ခရီးသွားများနှင့်   ထိတွေ့မိသူများ နောက်သို့ မည်သို့ခြေရာခံလိုက်မည်နည်း အပါအဝင် အခြားသော   ကိစ္စရပ်များအတွင်း   အစီအစဉ်များ ပါဝင်သည်။ အမေရိကန်နိုင်ငံအတွင်းသို့ ဝင်ရောက် မည့်ခရီးသွားများ   ကိုဗစ်-၁၉ ဆေးစစ်မှုပြုလုပ်ရမည်ဖြစ်သည်ဟုလည်း သိရသည်။        ။


ကိုးကား - အေအက်ဖ်ပီ