
ရန်ကုန် မတ် ၂၃
COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးနှင့် Forever Group တို့မှ အလှူငွေ ပေးအပ်လှူဒါန်းသည့် အခမ်းအနား ကို ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့်ရုပ်မြင် သံကြား အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဝင်ရောက်လာနိုင်
အခမ်းအနားတွင် ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ယခုအခါ ကိုရိုနာ ဗိုင်းရပ်စ်ရောဂါမှာ တစ်ကမ္ဘာလုံး နီးပါး ကူးစက်ပြန့်ပွားနေသော်လည်း မိမိတို့နိုင်ငံအနေဖြင့် အင်မတန် ကံကောင်းထောက်မစွာဖြင့် ယနေ့ အထိ Positive မတွေ့ရသေးသည့် အနေအထားတွင် ရှိပါကြောင်း၊ သို့သော်လည်း အချိန်မရွေး ဝင်ရောက် လာနိုင်သဖြင့် စိုးရိမ်ကြောင့်ကြမှုများ ဖြစ်ပေါ်နေပါကြောင်း။
ရောဂါကာကွယ်ရေးကိစ္စသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန တစ်ခုတည်း၊ အစိုးရဌာန များချည်း လုပ်ဆောင်နိုင်မည့်အရာ မဟုတ်ဘဲ အများပြည်သူအားလုံးက အသိစိတ်ဓာတ်ဖြင့် ပါဝင်မှသာလျှင် ဆောင်ရွက်နိုင်မည့်ကိစ္စ ဖြစ်ပါ ကြောင်း၊ မိမိတို့နိုင်ငံတွင် စေတနာ့ ဝန်ထမ်းပုဂ္ဂိုလ်များနှင့် ပြည်သူ တစ်ရပ်လုံး စုပေါင်းပြီး ဆောင်ရွက်ရ မည်ဟု မြင်ပါကြောင်း၊ ထိုသို့ ဖြစ်လာစေရန် ပြည်သူအားလုံးက စိတ်ပါဝင်စားမှုရှိပြီး တစ်နိုင်ငံလုံး၏ အရေးကိစ္စဖြစ်သည်ဟူသော အသိ စိတ်ဓာတ်ဖြင့် ပါဝင်ဆောင်ရွက်သူ များ ပေါ်ပေါက်လာရန် လိုအပ်ပါ ကြောင်း၊ ယင်းကိစ္စအတွက် အရေးကြုံ လာလျှင် ဝိုင်းဝန်းပြီး ကူညီဆောင်ရွက် မည်ဆိုသည့် အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ ပေါ်ပေါက်လာသည်ကို လည်း တွေ့မြင်ရသည့်အတွက် အင်မတန် အားတက်စရာကောင်းပါ ကြောင်း။
ပါဝင်ဆောင်ရွက်ကြ
မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အနေဖြင့် နိုင်ငံတွင် ပေါ်ပေါက်ခဲ့သည့် သာရေး၊ နာရေးကိစ္စများ၊ အများ ပြည်သူနှင့်သက်ဆိုင်သည့် ကိစ္စရပ်များ တွင် အမြဲတမ်း ပါဝင်ဆောင်ရွက် နေသကဲ့သို့ ယခုအရေးကိစ္စတွင်လည်း အလားတူ ပါဝင်ဆောင်ရွက်လာ သည်ကို တွေ့မြင်ရသဖြင့် ဝမ်းသာ အားရဖြစ်မိပါကြောင်းနှင့် အထူး ကျေးဇူးတင်ရှိပါကြောင်း၊ Forever Group အနေဖြင့်လည်း ယခုကဲ့သို့ ပါဝင်လှူဒါန်းမှုအတွက် အလားတူ ကျေးဇူးတင်ရှိပါကြောင်း၊ အနုပညာ ရှင်များအနေဖြင့်လည်း ယခုကဲ့သို့ လှူဒါန်းမှုမျိုးအပြင် ယခုလိုကာလ တွင် ဆောင်ရွက်သင့်သည်များကို စေတနာ၊ စိတ်ဓာတ်အပြည့်အဝဖြင့် ဆက်လက်ပြီး ပါဝင်ဆောင်ရွက်ကြ မည်ဟု မျှော်လင့်ပါကြောင်းနှင့် ဝိုင်းဝန်းဆောင်ရွက်ကြပါဟုလည်း မေတ္တာရပ်ခံပါကြောင်း။
သင်္ကြန်ကာလတွင် မဏ္ဍပ်များနှင့် ဖျော်ဖြေမှုများ မရှိသည့်အချိန်၊ လူအများ မိမိအိမ်တွင် နေရမည့် အခြေအနေမျိုး၌ ရုပ်မြင်သံကြား မှ ပိုမိုစိတ်ဝင်စားဖွယ်ကောင်း မည့် ဖျော်ဖြေရေးအစီအစဉ်များ ဖြည့်စွက်ဆောင်ရွက်နိုင်ရေးအတွက် ပြန်ကြားရေးဝန်ကြီးဌာန အနေဖြင့် စီစဉ်ဆောင်ရွက်နေပါကြောင်း၊ ယင်း အစီအစဉ်များတွင် ရုပ်ရှင်အစည်း အရုံး၊ ဂီတအစည်းအရုံးနှင့် မိတ်ဖက် ရုပ်သံများ ပူးတွဲပြီး ရုပ်မြင်သံကြား ဖန်သားပြင်မှ ယခင်ထက် ပိုမို ကောင်းမွန်သည့် အစီအစဉ်များ ထုတ်လွှင့်ပေးနိုင်ရေး ညှိနှိုင်း ဆောင်ရွက်လျက်ရှိရာ ယင်းအစီ အစဉ်များတွင်လည်း ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြစေလိုပါကြောင်း ပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဒုတိယဥက္ကဋ္ဌ ဦးအေးကြူလေးက နိုင်ငံတွင် သဘာဝဘေးဒဏ်ကဲ့သို့ အရေးပေါ် ကိစ္စများ ပေါ်ပေါက်ပါက မိမိတို့ လောကသားများအနေဖြင့် ညီညီ ညွတ်ညွတ်နှင့် စုပေါင်းလှူဒါန်း လေ့ရှိပါကြောင်း၊ ယခုလှူဒါန်းမှုသည် ရုပ်ရှင်လောကသားများ ရှာဖွေ ထားမှုများဖြင့် လှူဒါန်းခြင်းဖြစ် ပါကြောင်း၊ ထိုသို့ လှူဒါန်းရသည့် အတွက် ဝမ်းသာပီတိဖြစ်ရပါကြောင်း၊ ယခုအခါ ရုပ်ရှင်လုပ်ငန်းများ ရပ်ဆိုင်းလျက်ရှိရာ အထူးသဖြင့် နေ့စားလုပ်သားများအတွက် စားဝတ် နေရေး အဆင်ပြေစေရန် အစည်းအရုံး အနေဖြင့် ကြိုးစားဆောင်ရွက်နေပါ ကြောင်း၊ ယခုကဲ့သို့ လှူဒါန်းရသဖြင့် ရုပ်ရှင်လောကသားများ ကိုယ်စား ဝမ်းသာကျေနပ် ဖြစ်ရပါကြောင်း ရှင်းလင်းပြောကြားသည်။
ပေးအပ်လှူဒါန်း
ထို့နောက် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက အလှူငွေကျပ်သိန်း ၁၀၀၊ Forever Group က အလှူငွေ ကျပ်သိန်း ၂၀၀ တို့ကို ပေးအပ်လှူဒါန်းကြရာ ပြည်ထောင်စုဝန်ကြီးက လက်ခံရယူ သည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးသည် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားစတူဒီယို - ၁ တွင် Public Service Announcement for COVID-19 အသိပညာပေး နှိုးဆော် ရေးအစီအစဉ် ရိုက်ကူးနေမှုကို ကြည့်ရှုအားပေးပြီး ယင်းအစီအစဉ် တွင် ပါဝင်ရိုက်ကူးနေသည့် ရုပ်ရှင်၊ ဂီတနှင့် MRTV-4 မှ အနုပညာရှင်များ အား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
အဆိုပါ အသိပညာပေးနှိုးဆော်ရေးအစီအစဉ်ကို ပြန်ကြားရေး ဝန်ကြီးဌာနက ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ဒေါ်ဆွေဇင်ထိုက်၊ ဂီတ အစည်းအရုံး အတွင်းရေးမှူး ဦးဇော်ထူးအောင်နှင့် ဘိုဘိုရုပ်ရှင် ထုတ်လုပ်ရေးမှ ဦးဆန်းဝင်းဦး (ဘိုဆန်း)တို့နှင့် ရုပ်ရှင်ရုံပိုင်ရှင်များ ပူးပေါင်းစီစဉ်မှုဖြင့် ရုပ်ရှင်/ရုပ်သံ နှင့် ဂီတအနုပညာရှင်များဖြစ်ကြသော အကယ်ဒမီ ရဲအောင်၊ အကယ်ဒမီ ခန့်စည်သူ၊ သီဟ၊ လပြည့်၊ စိုပြေမြင့်၊ စည်သူလွင်၊ ဇော်ပိုင်၊ အာဇာနည်၊ ဖိုးသောကြာ၊ လွှမ်းပိုင်၊ အကယ်ဒမီ အေးမြတ်သူ၊ ရွှေသမီး၊ နန်းခင်ဇေယျာ၊ နန့်ချစ်နဒီဇော်၊ ဝေလာရီ၊ နေရည် ဝင်းလဲ့၊ စနိုးကြည်ဖြူ၊ ချောစုခင်၊ ကော်နီ၊ ထက်ထက်(Bobby Soxer)၊ ဆောင်းအိန္ဒြေထွန်းတို့က ပါဝင် ရိုက်ကူးကြခြင်းဖြစ်ပြီး ယင်းအစီ အစဉ်ကို MRTV မှ မကြာမီ ထုတ်လွှင့် မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်