
နေပြည်တော် အောက်တိုဘာ ၁၆
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၁၅ ရက် နံနက် ၁၀ နာရီက ဗန်းမော်မြို့နယ် စီဟဲကျေးရွာအနီးတွင် မမြင့်မြင့်သန်း မောင်းနှင်လာသည့် ဆိုင်ကယ် ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းဖြူ ၀ ဒသမ ၁၁ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၁၆၆၅ ပြား သိမ်းဆည်းရမိခဲ့သည်။
စစ်ဆေးပေါ်ပေါက်ချက်အရ နံနက် ၁၁ နာရီ တွင် ဗန်းမော်မြို့နယ် တာမိုင်းလုံကျေးရွာရှိ မမြင့် မြင့်သန်း၏နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၅၆၈ ပြားကိုလည်း ကောင်း၊ ယင်းနေ့ ညနေ ၅ နာရီခွဲတွင် မူးယစ် ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဘားအံ မြို့နယ် ကော့နန်းသာကျေးရွာအနီးတွင် ဇော်ဝင်းနိုင်အား မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၁၀ သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးပေါ်ပေါက် ချက်အရ ညနေ ၆ နာရီခွဲတွင် ကော့နန်းသာ ကျေးရွာရှိ ၎င်း၏ နေအိမ်ကို ဝင်ရောက်စစ်ဆေး ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ ကို လည်းကောင်း၊ ယင်းနေ့ ညနေ ၅ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပုသိမ်ကြီးမြို့နယ် ကြာနီကန်ကျေးရွာအနီးတွင် ဌေးကိုကို မောင်းနှင်ပြီး မခင်ချိုဌေးနှင့် မသက် သက်ဆွေ တို့လိုက်ပါလာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၁၅၃၀ ကိုလည်းကောင်း၊ ယင်းနေ့ ည ၇ နာရီ မိနစ် ၂၀ က မွန်ပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မော်လမြိုင်မြို့ လှိုင်ရှမ်းစု ရပ်ကွက် ဘိုဂလိုလမ်း ဧည့်ရိပ်သာရှိ ကြည်လွင် တည်းခိုနေထိုင်သည့် အခန်းအမှတ်(၀၀၃)သို့ ဝင်ရောက်စစ်ဆေး ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၅၆၀ ကို လည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့ အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေ သော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူ ထားကြောင်း သိရသည်။
ရဲပြန်ကြား