
နေပြည်တော် အောက်တိုဘာ ၁၆
မွန်ပြည်နယ် မော်လမြိုင်မြို့နယ် တွင် ငွေကျပ် ၅ ဒသမ ၂ ဘီလီယံ ကျော်တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် အောက်တိုဘာ ၁၄ ရက် ည ၇ နာရီခန့်တွင် မွန်ပြည် နယ် မော်လမြိုင်မြို့ မော်လမြိုင်-ထားဝယ်သွား အဝေးပြေးမြို့ရှောင် ကားလမ်းတွင် ဟန်ဆွေဦး(ခ)ဘိုဘို (၃၂ နှစ်) မောင်းနှင်ပြီး ချစ်ကိုကိုဦး(ခ) မွတ်တား (၂၄ နှစ်) တို့လိုက်ပါလာသည့် မော်တော် ယာဉ်နှင့် မူးယစ်ဆေးဝါးများ သယ်ဆောင်ရာတွင် ရှေ့ပြေးယာဉ် အဖြစ် အောင်ဆန်းသွင် (ခ) အောင်ဆန်း (၄၆ နှစ်) မောင်းနှင် ပြီး မျိုးမင်းသိန်း (၄၇ နှစ်) နှင့် ခင်ဇော်အောင်(၂၉ နှစ်)တို့ လိုက်ပါ လာသည့် မော်တော်ယာဉ်တို့ကို သတင်းအရရှာဖွေရာ ခြောက်ဘီး ယာဉ်ပေါ်တွင် ဒေသကာလတန်ဖိုး ငွေကျပ် ၅ ဒသမ ၂ ဘီလီယံကျော် တန်ဖိုးရှိ ဘိန်းဖြူ ဘလောက်တုံး ၂၇၇ တုံး၊ အလေး ချိန် ၉၆ ဒသမ ၉၅ ကီလိုနှင့် ဘိန်းဖြူမှုန့် အလေး ချိန် ၃၅ ကီလို စုစုပေါင်း ဘိန်းဖြူ အလေးချိန် ၁၃၁ ဒသမ၉၅ ကီလို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးပေါ်ပေါက်ချက်အရ သိမ်း ဆည်းရမိသော ဘိန်းဖြူများကို ရှမ်းပြည်နယ် (တောင်ပိုင်း) မှ တနင်္သာရီ တိုင်းဒေသကြီးသို့ သယ်ဆောင်ခြင်း ဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေ အရ အရေးယူထားရှိပြီး ကွင်းဆက် ပြစ်မှုကျူးလွန်သူများကို ဆက် လက် စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်