
နေပြည်တော် မတ် ၂၃
ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ၂၀၂၀ ပြည့်နှစ် ပထမ (၃) လပတ် လုပ်ငန်း ညှိနှိုင်းအစည်းအဝေး (၁/၂၀၂၀) ကို ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ အစည်း အဝေးခန်းမ၌ Video Conferencing System အသုံးပြု၍ ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းသိမ်း တက်ရောက်အမှာစကား ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုရာထူး ဝန်အဖွဲ့၊ ဥက္ကဋ္ဌရုံးအဖွဲ့၊ ဦးစီးဌာနများ နှင့် ဗဟိုဝန်ထမ်းတက္ကသိုလ်များမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေး မှူးချုပ်၊ ပါမောက္ခချုပ်များနှင့် ဒုတိယ အမြဲတမ်းအတွင်းဝန်တို့က ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှ မတ်လအထိ ပထမ (၃) လပတ် လုပ်ငန်းဆောင်ရွက် နိုင်မှုအခြေအနေများအပေါ် ပြန်လည် သုံးသပ်ခြင်းနှင့် ရှေ့ဆက်လက်ဆောင် ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းသိမ်း က တင်ပြချက်များနှင့် စပ်လျဉ်း၍ ဖြည့်စွက်မှာကြားသည်။
ယင်း Video Conferencing System ဖြင့် ကျင်းပသော လုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ အဖွဲ့ဝင်များဖြစ်ကြ သည့် ဦးဝင်းမော်၊ ဦးသန်းထွန်း၊ ဒေါက်တာဦးပွား၊ ဦးစောဗယ်လင်တိုင်း နှင့် ဤအဖွဲ့ရှိ ဥက္ကဋ္ဌရုံးအဖွဲ့၊ ဦးစီး ဌာနများနှင့် ကွပ်ကဲမှုအောက်ရှိ ဗဟို ဝန်ထမ်းတက္ကသိုလ်များမှ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ပါမောက္ခချုပ်များနှင့် ဒုတိယအမြဲတမ်း အတွင်းဝန်များ တက်ရောက်ဆွေး နွေးတင်ပြခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်