
နေပြည်တော် မတ် ၂၃
COVID-19 ရောဂါ ကုသရေး အထောက်အကူပြု ဆေးနှင့် ဆေးပစ္စည်းများ လှူဒါန်းခြင်းအခမ်း အနားကို ယနေ့ နံနက်ပိုင်းက ရန်ကုန် တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော် အရိုးရောဂါအထူးကု ဆေးရုံကြီး၌ ကျင်းပသည်။
ရှေးဦးစွာ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က Coronavirus Disease 2019 (COVID-19) ရောဂါ ကုသရေး အထောက်အကူပြု ဆေးနှင့် ဆေးပစ္စည်းများ လှူဒါန်းခြင်းနှင့် ပတ်သက်၍ အမှာစကားပြောကြား ပြီး ဆေးဝန်ထမ်းတပ်ဖွဲ့ညွှန်ကြား ရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ် စိုးဝင်းက COVID-19 ရောဂါနှင့် ပတ်သက်၍ တပ်မတော်မှ ကြိုတင် ကာကွယ်မှုများ ပြင်ဆင် ဆောင်ရွက် ထားရှိမှုများကို ရှင်းလင်းပြောကြား သည်။
ထို့နောက် စစ်ရေးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းက တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစု များမှ မြောက်ဥက္ကလာပမြို့နယ်ရှိ အထွေထွေရောဂါအထူးကုဆေးရုံကြီး (ဝေဘာဂီ)သို့ ငွေကျပ် ၂၅ သိန်းတန်ဖိုး ရှိ ရေသန့်စက်တစ်လုံးနှင့် ပြည်သူ့ ဆေးရုံများသို့ ငွေကျပ် ၁၄၄၇ သိန်း ကျော်တန်ဖိုးရှိ COVID-19 ရောဂါ ကုသရေး အထောက်အကူပြု ဆေးနှင့် ဆေးပစ္စည်းများကို ပေးအပ်လှူဒါန်း ရာ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ဌာနမှူး ဒေါက်တာထွန်းမြင့်က လက်ခံ ရယူသည်။
ယင်းနောက် စေတနာရှင် အလှူ ရှင်များက COVID-19 ရောဂါ ကုသ ရေး အထောက်အကူပြု ဆေးနှင့် ဆေးပစ္စည်းများ ပေးအပ်လှူဒါန်းရာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ကာကွယ်ရေး ဦးစီးချုပ် (ရေ) နှင့် ကာကွယ်ရေး ဦးစီးချုပ် (လေ) တို့က လက်ခံရယူကြပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည် ပေးအပ်သည်။
ယနေ့ပြုလုပ်သော အခမ်းအနား တွင် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် စေတနာရှင် အလှူ ရှင်များ၏ COVID-19 ရောဂါ ကုသ ရေး အထောက်အကူပြု ဆေးနှင့် ဆေးပစ္စည်းများ လှူဒါန်းမှုအနေဖြင့် အလှူငွေကျပ် သိန်း ၁၄၈၀၊ Venti-lator ခြောက်လုံး၊ Portable Venti-lator အစုံ ၆၀၊ Oxygen ငါးလုံးနှင့် လူဦးရေ ၂၀၀၀၀ အတွက် Test Kit များကို လှူဒါန်းကြသည်။
ထို့နောက် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့်အဖွဲ့သည် တပ်မတော် ကိုယ်လက်အင်္ဂါပြန်လည်သန်စွမ်းရေး ဆေးရုံနှင့် တပ်မတော် အသည်းရောဂါ အထူးကုဆေးရုံကြီးတို့တွင် COVID-19 ရောဂါ ကာကွယ်ကုသရေးအတွက် စောင့်ကြပ် ကြည့်ရှုရမည့်သူများ ထားရှိမည့် ကုသဆောင်၊ ဆေးသို လှောင်ခန်း၊ ထမင်းစားခန်းနှင့် အထူး ကြပ်မတ်ကုသဆောင် Intensive Care Unit (ICU)၊ ခန္ဓာကိုယ်ကာကွယ် ရေးဝတ်စုံ Personal Protective Eq-uipment(PPE)စသည်တို့ ဆောင်ရွက် ထားရှိမှုများအား သွားရောက်ကြည့်ရှု စစ်ဆေးသည်။
ရန်ကုန်တိုင်း စစ်ဌာနချုပ် အတွင်း ယခင်က COVID-19 ရောဂါ စောင့်ကြည့် ကုသရေးအတွက် တပ်မတော် ကိုယ်လက်အင်္ဂါပြန်လည် သန်စွမ်းရေးဆေးရုံ တစ်ခုကိုသာ သတ်မှတ်ပြင်ဆင်ခဲ့ရာမှ တပ်မတော် အသည်းရောဂါ အထူးကုဆေးရုံကြီး၌ လည်း ပြင်ဆင်စောင့်ကြည့်ကုသနိုင် ရေး အမြန်ဆုံးပြင်ဆင်ဆောင်ရွက် သွားရန်အတွက် ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန် ချက်အရ သိရသည်။
သတင်းစဉ်