ကမ္ဘာအနှံ့ရှိ ပင်လယ်ငှက် ၅၂ ရာခိုင်နှုန်း၏ ကိုယ်ခန္ဓာတွင် ပလတ်စတစ်များ တွေ့ရှိရ

 

တိုကျို အောက်တိုဘာ ၁၇


ကမ္ဘာအနှံ့ရှိ        ပင်လယ်ငှက် ထက်ဝက်ကျော်နီးပါး၏    ကိုယ် ခန္ဓာတွင်     ပလတ်စတစ်ဓာတု ပစ္စည်းများ တွေ့ရှိနေရသည်ဟု အပြည်ပြည်ဆိုင်ရာ   သုတေသန ပညာရှင်များ    မကြာသေးမီက လေ့လာခဲ့သည့် လေ့လာမှုအရ သိရသည်။

 


ရေနေ      သတ္တဝါများတွင် ပလတ်စတစ်           ညစ်ညမ်းမှု အန္တရာယ်   မည်မျှကြုံတွေ့နေရ သည်ကို  မီးမောင်းထိုးပြသလျက် ရှိသည်။ ပူးတွဲလေ့လာမှုကို ဂျပန် နိုင်ငံနှင့်   အခြားသော    နိုင်ငံ ခြောက်နိုင်ငံမှ     သုတေသန အင်စတီကျုနှင့် တက္ကသိုလ်ပေါင်း ၁၈ ခု ပူးပေါင်းကာပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ 
ပင်လယ်ငှက်များ    ပလတ် စတစ် စားသုံးမှုမှာ တစ်ကမ္ဘာလုံး အတိုင်းအတာနှင့်   ကြီးထွားလာ လျက်ရှိသည်။     

 


သက်ရှိများ၏     ကိုယ်ခန္ဓာ အတွင်း           အဆိပ်အတောက်ဖြစ် စေမည့်အရာများ  စွဲကပ်မှု   မရှိစေ ရေးအတွက် ချက်ချင်းလုပ်ဆောင် ရန်   လိုအပ်သည်ဟု    တိုကျို တက္ကသိုလ်       စိုက်ပျိုးရေးနှင့်        နည်းပညာတက္ကသိုလ်မှ ပါမောက္ခ ဖြစ်သည့်      ဟီဒဲရှီဂီတကာဒါက ပြောသည်။ 
သုတေသီများ၏  လေ့လာမှု ရလဒ်ကို  ပြီးခဲ့သည့် သီတင်းပတ် အတွင်းက သဘာဝပတ်ဝန်းကျင် စောင့်ကြည့်ရေးနှင့်   ညစ်ညမ်းမှု ဆိုင်ရာ   သုတေသနဂျာနယ်တွင် ဖော်ပြခဲ့သည်။ 

 

ကျိုဒို