ကိုဗစ်- ၁၉ ကူးစက်မှု တစ်ကျော့ပြန်နိုင်တဲ့ ဆောင်းရာသီမရောက်မီ အပိုဆောင်းကာကွယ်ဆေးထိုးနှံပေးဖို့ပြင်ဆင်နေတဲ့ ဂျပန်နိုင်ငံ

 

ထွန်းကျော်

ဂျပန်နိုင်ငံမှာ ဒီဇင်ဘာလကစပြီး ကိုဗစ်- ၁၉ ကာကွယ်ဆေးအပိုဆောင်း ထိုးနှံပေးနိုင်ဖို့ ကျန်းမာရေးဝန်ကြီးဌာနက စီစဉ်လျက်ရှိသလို သက်ဆိုင် ရာ ဒေသအာဏာပိုင်တွေကိုလည်း  အဆောက်အအုံတွေနဲ့   တခြား လိုအပ်တာတွေပြင်ဆင်ထားဖို့ တိုက်တွန်းပြောကြားထားပါတယ်။ အပိုဆောင်းကာကွယ်ဆေးထိုးနှံမှုကို  ဖိုက်ဇာ-ဘိုင်ရွန်တက်ခ်၊ မော်ဒါနာ သို့မဟုတ် အက်စ်ထရာဇနီကာ ကိုဗစ်- ၁၉ ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံ မှုခံယူထားသူ မည်သူ့ကိုမဆို ထိုးပေးသွားမှာ ဖြစ်ပါတယ်။ 

 


ကျန်းမာရေးဝန်ထမ်းတွေကို အပိုဆောင်းကာကွယ်ဆေးထိုးပေးမယ်


ဂျပန်နိုင်ငံမှာ လူဦးရေရဲ့ ၆၅ ရာခိုင်နှုန်း ကိုဗစ်- ၁၉ ကာကွယ်ဆေး နှစ်ကြိမ် ထိုးနှံမှုခံယူပြီးပြီဖြစ်ပါတယ်။ သို့သော်လည်း ကာကွယ်ဆေးရဲ့ အစွမ်းထက်ထိရောက်မှုကာလကတော့ အခုချိန်အထိ ရှင်းရှင်းလင်းလင်းမရှိသေးပါဘူး။ 
အစ္စရေး၊ အမေရိကန်ပြည်ထောင်စု၊ အင်္ဂလန်၊ ပြင်သစ်၊ ဂျာမနီနဲ့ စင်ကာပူနိုင်ငံတွေမှာ ကိုဗစ်- ၁၉ ကာကွယ်ဆေး အပိုဆောင်းထိုးနှံမှုတွေ ပြုလုပ်ခဲ့ပါတယ်။ နိုင်ငံတွေအလိုက်  သတ်မှတ်ချက်တွေကတော့ မတူ ကြပါဘူး။ 

 


ဂျပန်နိုင်ငံမှာဆိုရင်တော့ ကျန်းမာရေးဝန်ထမ်းတွေဟာ ပထမဆုံး ကိုဗစ်- ၁၉ ကာကွယ်ဆေးထိုးနှံမှုကို ခံယူကြရပါတယ်။ အလားတူပဲ ဒီဇင်ဘာလမှာ စတင်ထိုးနှံမယ့် အပိုဆောင်းကာကွယ်ဆေး ထိုးနှံမှုတွေ ကိုလည်း သူတို့ကိုပဲ အရင်ဆုံး ထိုးနှံပေးသွားမှာ ဖြစ်ပါတယ်။  ကာကွယ် ဆေးနှစ်ကြိမ်ထိုးနှံပြီးတဲ့ အသက်ကြီးသူတွေနဲ့ တခြားသူတွေကိုတော့ ဒုတိယဦးစားပေးအနေနဲ့ နောက်နှစ်မေလမှာ စတင်ထိုးနှံပေးသွားမှာ ဖြစ်ပါတယ်။ 

 


မျိုးတူတဲ့ ဆေးအမျိုးအစားကိုပဲ အပိုဆောင်းကာကွယ်ဆေးအဖြစ်
ထိုးပေးမယ် 


အပိုဆောင်းကာကွယ်ဆေးထိုးနှံမှုခံယူမယ့်သူတွေဟာ ဒုတိယ အကြိမ် ကိုဗစ်- ၁၉ ကာကွယ်ဆေး  ထိုးနှံပြီးနောက်မှာ အနည်းဆုံး ရှစ်လအထိ   စောင့်ဆိုင်းရမှာ   ဖြစ်ပါတယ်။  ထို့အတူ အပိုဆောင်း ကာကွယ်ဆေးထိုးနှံမှု ခံယူတဲ့အခါမှာလည်း ပထမအကြိမ်နဲ့ ဒုတိယအကြိမ်ကာကွယ်ဆေးထိုးနှံခဲ့တဲ့  ဆေးအမျိုးအစားကိုပဲ  ထိုးနှံပေးသွား မှာ ဖြစ်ပါတယ်။

 


အပိုဆောင်းကာကွယ်ဆေးထိုးနှံပြီး တစ်လကြာပြီးနောက် စမ်းသပ် တွေ့ရှိခဲ့တဲ့ ပဋိပစ္စည်းအာနိသင်ပျက်ပြယ်မှုအဆင့်ဟာ ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီး တစ်လကြာသည့်အချိန်ထက် ပိုပြီးမြင့်မားတယ်လို့ ဖိုက်ဇာကပြောပါတယ်။ အသက် ၅၅ နှစ် ဒါမှ မဟုတ် သူ့ထက်ငယ်ရွယ်သူတွေမှာ ငါးဆလောက်ပိုပြီး မြင့်မားပါတယ်။ ၆၅ နဲ့ ၈၅ ကြားဆို ၁၁ ဆလောက်အထိ ရှိပါတယ်။ မော်ဒါနာနဲ့ အက်စ်ထရာဇနီကာ ကိုဗစ်- ၁၉ ကာကွယ်ဆေးတွေလည်း အပိုဆောင်း ကာကွယ်ဆေးထိုးနှံပြီးတဲ့နောက်မှာ  ပဋိပစ္စည်းအရေအတွက်တွေ မြင့်တက်လာပါတယ်။

 


အပိုဆောင်းကာကွယ်ဆေးထိုးနှံမှုအပေါ် အငြင်းပွားမှုတွေရှိနေ 


ဂျပန်နိုင်ငံမှာ အပိုဆောင်းကာကွယ်ဆေးထိုးနှံခြင်းနဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေလည်း ရှိပါတယ်။ တချို့ ရောဂါကူးစက်ခြင်းမှကင်းလွတ် မှုဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေက အစိုးရဟာ အပိုဆောင်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးမယ့်အစား   ကနဦး  ကိုဗစ်-၁၉ ကာကွယ် ဆေး ထိုးတဲ့နှုန်းကို  မြှင့်တင်ဖို့ ပိုပြီးအာရုံစိုက်သင့်တယ်လို့ ပြောကြား ထားပါတယ်။ 

 


ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးဆုံးခြင်းဟာ ထိပ်တန်းဦးစားပေး ဖြစ်တယ်လို့ ကာကွယ်ဆေးဗေဒဆိုင်ရာဂျပန်အဖွဲ့ဥက္ကဋ္ဌ အိုကာဒါကန်ဂျီ က ပြောပါတယ်။ တတိယအကြိမ် အပိုဆောင်းကာကွယ်ဆေးထိုးနှံခြင်း ကို အားသွန်ခွန်စိုက်မလုပ်မီ ကာကွယ်ဆေးထိုးတဲ့ အနေအထားကို ကောင်းစွာချင့်ချိန်သုံးသပ်သင့်တယ်လို့ သူကပြောပါတယ်။

 


နှစ်မကုန်မီ အပိုဆောင်းကာကွယ်ဆေးထိုးခြင်းကို ရှောင်ရှားဖို့ 
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးပြော 


ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက   ဒီနှစ်မကုန်မီမှာ   အပိုဆောင်း ကာကွယ်ဆေးထိုးခြင်းကို ရှောင်ရှားဖို့လည်း  အစိုးရတွေကို  တိုက်တွန်း ပြောကြားထားပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ ကိုဗစ်- ၁၉ ကာကွယ်ဆေးရရှိဖို့ ကိစ္စဟာ ထိပ်တန်းဦးစား ပေးကိစ္စဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။ 
အပိုဆောင်းကာကွယ်ဆေးထိုးနှံမှုဆိုင်ရာ လုပ်ဆောင်မှုတွေကြား အလုပ်များနေတဲ့ဂျပန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ   အရေးပေါ် ကြေညာချက်ကို ရုပ်သိမ်းလိုက်တာလည်း နှစ်ပတ်လောက် ရှိပါပြီ။ ဂျပန်နိုင်ငံရဲ့ ခရိုင်အများစုမှာ ကိုဗစ်-၁၉ ကူးစက်မှုတွေလည်းကျဆင်း လာတဲ့အတွက် နိုင်ငံအတွင်းမှာ တဖြည်းဖြည်းနဲ့ ပုံမှန်အခြေအနေကို လည်း ပြန်လည်ရောက်ရှိလာပါပြီ။

 


ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုတွေ ဆက်တိုက်ကျဆင်း 


နိုင်ငံတစ်ဝန်း ခုနစ်ရက်ပျမ်းမျှ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှု ဟာ ၆၃၀ လောက်ရှိပါတယ်။ တစ်နှစ်အတွင်းမှာ ဒါဟာ အနိမ့်ဆုံး အဆင့်ဖြစ်ပါတယ်။ ကိုဗစ်- ၁၉ ကူးစက်ဖြစ်ပွားမှုဟာလည်း ခုနစ်ပတ် ဆက်တိုက်ကျဆင်းလာခဲ့ပါတယ်။
သို့သော်လည်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုနဲ့ပတ်သက်ပြီး သတိ မပြတ်ရှိဖို့ အရေးကြီးတယ်လို့   ကျွမ်းကျင်သူတစ်ဦးက   သတိပေး ပြောကြားထားပါတယ်။

 


ဆောင်းအရောက် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုတွေ 
ပြန်လည်များပြားလာနိုင်တာကို မပေါ့စေချင် 


ဂျပန်နိုင်ငံ တိုဟိုတက္ကသိုလ်က ပါမောက္ခ တာတီဒါကာဇူဟီရိုက ဆောင်းတွင်းကာလကို တဖြည်းဖြည်းရောက်ရှိလာပြီဖြစ်တဲ့အတွက် ရာသီဥတုကြောင့် ကိုဗစ်- ၁၉ ကူးစက်ဖြစ်ပွားမှုတွေ ပြန်လည်များပြား ကောင်းများပြားလာနိုင်တယ်လို့ ပြောပါတယ်။ ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှုန်းတွေကို ကြည့်ပြီး ၈၀ ရာခိုင်နှုန်းကျော်တော့မလားဆိုပြီး စောင့်ကြည့်နေပါတယ်လို့ သူကပြောပါတယ်။

 


ကာကွယ်ဆေး ထိုးထားသည်ဖြစ်စေ၊    မထိုးထားသည်ဖြစ်စေ ပြည်သူတွေအနေနဲ့ ကိုဗစ်-၁၉ ကာကွယ် တားဆီးရေးဆောင်ရွက်ချက် တွေကို မပေါ့ဆဘဲ   ဆက်လက်လိုက်နာကြဖို့    အရေးကြီးပါတယ်။ ဒါမှသာ ကိုဗစ်-၁၉ ကပ်ရောဂါကို တားဆီးကာကွယ်နိုင်မှာ ဖြစ်ပါတယ်။


ကိုးကား-အင်န်အိတ်ချ်ကေ