နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဌာနေညှိနှိုင်းရေးမှူးအား လက်ခံတွေ့ဆုံ

 
 
 
နေပြည်တော် မတ် ၂၃
 
 
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်သည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဌာနေညှိနှိုင်း ရေးမှူး ဖြစ်သူ Mr. Ola Almgren အား ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
 
 
အမြင်ချင်းဖလှယ်ဆွေးနွေး
 
တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂအကြား အပြန်အလှန်ယုံကြည်မှုဖြင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင် ရေး၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများ သွားရောက်ပေးအပ်ရာတွင် နိုင်ငံတကာ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ မိတ်ဖက်များအပါအဝင် ကုလသမဂ္ဂ နှင့် ပိုမိုပူးပေါင်းဆောင်ရွက်သွားရေး၊ ကုလသမဂ္ဂဝန်ထမ်း များအား ခရီးသွားလာခွင့်ပြုသည့် လုပ်ငန်းစဉ် ပိုမိုမြန်ဆန် ချောမွေ့စေရေးအတွက် လုပ်ငန်းစဉ်များကို ပြန်လည် သုံးသပ်ရေး၊ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း(MSDP) အကောင်အထည်ဖော်ရေးအတွက် ကုလသမဂ္ဂမှ ကူညီပံ့ပိုး ပေးရေးနှင့် မြန်မာနိုင်ငံမှ ဆောင်ရွက်လျက်ရှိသည့် COVID-19 ရောဂါကာကွယ်တားဆီးမှုလုပ်ငန်းများတွင် ကုလသမဂ္ဂမှ အကူအညီပေးရေးတို့နှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
 
 
တက်ရောက်
 
တွေ့ဆုံပွဲသို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ အပြည်ပြည် ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များလည်း တက်ရောက်ခဲ့ကြသည်။
 
 
သတင်းစဉ်