
ကဘူးလ် အောက်တိုဘာ ၁၇
အာဖဂန်နစ္စတန်နိုင်ငံအား တာလီဘန်အဖွဲ့အာဏာသိမ်းပိုက်ခဲ့သည့် သြဂုတ်လနောက်ပိုင်းမှစ၍ ပြည်သူများသည် စားနပ်ရိက္ခာပြတ်လပ်မှုများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။
အာဖဂန်နစ္စတန်အစိုးရ၏ ပြည်ပပိုင်ဆိုင်မှုများ ရယူသုံးစွဲပိုင်ခွင့်မရှိသေးသည့်အတွက် နိုင်ငံ၏ စီးပွား ရေးအခြေအနေသည် သိသိသာသာ လျော့ကျလာ လျက်ရှိသည်။ နိုင်ငံအတွင်းရှိ ပြည်သူအများစုသည် လည်း အလုပ်အကိုင်ဆုံးရှုံးမှုများနှင့် ရင်ဆိုင်နေရ သည်။
ထို့ပြင် ယခုနှစ်အတွင်း ပူပြင်းခြောက်သွေ့မှုဒဏ် ကြောင့် စားနပ်ရိက္ခာပြတ်လပ်မှုများ ပိုမိုဆိုးရွားလာခဲ့ သည်။ တာလီဘန်အဖွဲ့အာဏာရရှိပြီးနောက် ၎င်းတို့ ၏ အုပ်ချုပ်ရေးစနစ်အပေါ် ကမ္ဘာ့နိုင်ငံများက စောင့်ကြည့်လျက်ရှိသည့်အတွက် လူသားချင်းစာနာ ထောက်ထားမှုအကူအညီများသည်လည်း နှောင့်နှေး ကြန့်ကြာလျက်ရှိသည်။
အာဖဂန်နစ္စတန်ပြည်သူ ၉၅ ရာခိုင်နှုန်းသည် နေ့စဉ် စားနပ်ရိက္ခာလုံလောက်မှုမရှိကြောင်း ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်က ခန့်မှန်း ထားကြောင်း သိရသည်။ တာလီဘန်အဖွဲ့အာဏာ မသိမ်းမီကာလအတွင်း စားနပ်ရိက္ခာလုံလောက်မှုမရှိ သည့် ပြည်သူအရေအတွက်သည် ၈၀ ရာခိုင်နှုန်းရှိ သည်။
အသက်ငါးနှစ်အောက် အာဖဂန်နစ္စတန် ကလေး ငယ် ထက်ဝက်ကျော်သည် ယခုနှစ်ကုန်ပိုင်းတွင် ဆိုးရွားသည့် အာဟာရပြတ်လပ်မှုဒဏ်ကို ခံစားရ နိုင်ဖွယ်ရှိပြီး ပြည်သူတစ်သန်းခန့် သေဆုံးနိုင်ဖွယ် ရှိကြောင်း ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် က ခန့်မှန်းပြောကြားသည်။
ထို့ပြင် ယခုနှစ်ကုန်ပိုင်းအထိ လူသားချင်းစာနာ ထောက်ထားမှုအကူအညီပေးရန် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ခန့် လိုအပ်လျက်ရှိသည့်အတွက် ကမ္ဘာ့ နိုင်ငံများအား အရေးပေါ်ထောက်ပံ့မှုများပေးရန် ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်က တိုက်တွန်း ပြောကြားသည်။
ကိုးကား- အင်န်အိတ်ချ်ကေ
ဘာသာပြန်- အောင်ကျော်ကျော်