
ကွာလာလမ်ပူ အောက်တိုဘာ ၁၇
မလေးရှားနိုင်ငံ၌ ယနေ့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၇၅၀၉ ဦးရှိခြင်းကြောင့် ရောဂါ ကူးစက်ခံရသူစုစုပေါင်း ၂၃၈၄၅၄၂ ဦး ရှိလာကြောင်း မလေးရှားကျန်းမာရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်သည်။
အဆိုပါတစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၇၅၀၉ ဦးအနက် ၇၄၉၃ ဦးသည် ပြည်တွင်း၌ ကူးစက်ခံရသူများဖြစ်ကြောင်းနှင့် ၁၆ ဦးသည် ပြည်ပမှ ပြန်လည်ရောက်ရှိလာသူများအနက် မှ ကူးစက်ခံရသူများဖြစ်ကြောင်း မလေးရှားကျန်းမာ ရေးဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်မှတစ်ဆင့် ထုတ်ပြန် သည့် အချက်အလက်များက ဖော်ပြထားသည်။
ထို့ပြင် မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကြောင့် သေဆုံးသူ ၈၈ ဦးထပ်တိုးလာသဖြင့် သေဆုံး သူစုစုပေါင်း ၂၇၈၅၈ ဦးရှိလာကြောင်း သိရသည်။ အလားတူ မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသူ ၉၅၃၁ ဦးရှိခြင်းကြောင့် ပြန်လည်ကျန်းမာလာသူစုစုပေါင်း ၂၂၆၁၂၈၉ ဦး ရှိလာကြောင်း သိရသည်။
မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိဆဲ လူနာစုစုပေါင်း ၉၅၃၉၅ ဦးရှိကြောင်း၊ ယင်းတို့အနက် ၆၉၄ ဦးသည် အထူးကြပ်မတ်ကုသဆောင်များ၌ ဆေးဝါးကုသမှုခံယူလျက်ရှိကြောင်းနှင့် ၃၄၄ ဦးသည် အသက်ရှူအထောက်အကူပြုကိရိယာများ လိုအပ် လျက်ရှိကြောင်း သိရသည်။
လက်ရှိတွင် မလေးရှားနိုင်ငံ၌ နိုင်ငံလူဦးရေ၏ ၇၅ ဒသမ ၇ ရာခိုင်နှုန်းသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတစ်ကြိမ် ထိုးနှံပြီးဖြစ်ကြောင်းနှင့် ၆၇ ဒသမ ၈ ရာခိုင်နှုန်းသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီးဖြစ်ကြောင်း သိရ သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-အလင်းသစ်