
နယူးဒေလီ အောက်တိုဘာ ၁၇
အိန္ဒိယနိုင်ငံ၌ ယမန်နေ့က ကိုဗစ်-၁၉ ရောဂါကူးစက်ခံရ သူ ၁၄၁၄၆ ဦးရှိခြင်းကြောင့် အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူအရေအတွက်သည် ၂၂၉ ရက်အတွင်း အနိမ့်ဆုံးသို့ ကျဆင်းခဲ့ခြင်းဖြစ်ကြောင်းနှင့် လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူစုစုပေါင်း ၃၄၀၆၇၇၁၉ ဦးရှိလာကြောင်း အိန္ဒိယကျန်းမာရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။
ထို့ပြင် အိန္ဒိယနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့်သေဆုံးသူ ၁၄၄ ဦး ထပ်တိုး လာခြင်းကြောင့် သေဆုံးသူ စုစုပေါင်း ၄၅၂၁၂၄ ဦးရှိလာ ကြောင်း သိရသည်။
အိန္ဒိယနိုင်ငံ၌ လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ ရှိဆဲလူနာစုစုပေါင်း ၁၉၅၈၄၆ ဦးရှိကြောင်း အိန္ဒိယ ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။ အိန္ဒိယ နိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံအသီးသီးမှ ဆင်းခွင့် ရရှိသူ ၁၉၇၈၈ ဦးရှိခြင်းကြောင့် ပြန်လည်ကျန်းမာလာသူ စုစုပေါင်း ၃၃၄၁၉၇၄၉ ဦး ရှိလာကြောင်း အိန္ဒိယကျန်းမာ ရေးဝန်ကြီးဌာနက ပြောကြားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-အလင်းသစ်