
ထရီပိုလီ အောက်တိုဘာ ၁၈
ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက လစ်ဗျားနိုင်ငံ ထရီပိုလီမြို့ရှိ ထောင်ပေါင်းများစွာသောဒုက္ခသည်များအတွက် စားနပ်ရိက္ခာအထောက်အပံ့အကူအညီများပေးပို့ခဲ့သည်ဟု သိရသည်။
လစ်ဗျားနိုင်ငံတွင် ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံးသည် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်နှင့် ပူးပေါင်းပြီး ကိုဗစ် -၁၉ ကာလ အသွားအလာပိတ်ဆို့ ကန့်သတ်ထားစဉ်အတွင်း ဒုက္ခသည်များနှင့် ခိုလှုံရာရှာဖွေကြသူများအတွက် အရေးပေါ်စားနပ်ရိက္ခာအကူအညီများ ပေးပို့ပေး ခဲ့သည်ဟု အောက်တိုဘာ ၁၆ ရက်တွင် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ပြောသည်။
ယခုပေးပို့လိုက်သည့် စားနပ်ရိက္ခာသေတ္တာများ မှာ စားနပ်ရိက္ခာဖူလုံမှုမရှိသည့် ဒုက္ခ သည်များနှင့် မကြာသေးမီအချိန်အတွင်းကမှ ထိန်းသိမ်းရေး စင်တာများမှ ထွက်လာသည့် ခိုလှုံသူများအတွက် မရှိမဖြစ်လိုအပ်သည့် အသက်ကယ်ပစ္စည်းများပင် ဖြစ်သည်။ ယခုနှစ်အတွင်း ကုလသမဂ္ဂ ဒုက္ခသည် များဆိုင်ရာ အေဂျင်စီမှ အစားအသောက် အထုပ်ပေါင်း ၆၀၀၀၀ ကျော်ကို လစ်ဗျားနိုင်ငံရှိ ထိခိုက်ခံစားရသူများအတွက် ဖြန့်ဝေပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
လစ်ဗျားအာဏာပိုင်များက မကြာသေးမီအတွင်း တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများကို ဖမ်းဆီးခြင်း နှင့် စီးနင်းရှာဖွေမှုများ ပြုလုပ်ခဲ့ပြီးနောက် လစ်ဗျား နိုင်ငံတွင် သောင်တင်နေသည့် တရားမဝင်ရွှေ့ပြောင်း နေထိုင်ကြသူများမှာ ခိုလှုံရာနေရာမရှိပေ။
လစ်ဗျားနိုင်ငံသည် မြေထဲပင်လယ်ကို ဖြတ်ကာ ဥရောပကမ်းခြေများသို့ သွားရောက်လိုသည့် တရား မဝင် ရွှေ့ပြောင်းနေထိုင်သူများတွက် အဓိကလမ်း ကြောင်းသဖွယ် ဖြစ်နေဆဲဖြစ်သည်။
ဆင်ဟွာ