
ဟနွိုင်း အောက်တိုဘာ ၁၈
ဗီယက်နမ်နိုင်ငံတွင် အောက်တိုဘာ ၁၇ ရက် ညပိုင်းက ကိုဗစ်- ၁၉ နောက်ထပ်ကူးစက်ခံရသူ ၃၁၉၃ ဦး ထပ်မံတွေ့ရှိသည်။
ပြည်တွင်းကူးစက်ခံရသူ ၃၁၇၅ ဦးနှင့် ပြည်ပမှကူးစက်ခံလာရသူ ၁၈ ဦးတို့ဖြစ်သည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ပြောသည်။ ဒေသတွင်းကူးစက်ခံရသူအများစုမှာ တောင်ပိုင်းမှ ဒေသခံများ ဖြစ်ပြီး ဟိုချီမင်းမြို့မှ ၁၀၅၉ ဦး ပါဝင်သည်။
နောက်ထပ်ကူးစက်မှုများ ထပ်ပေါင်းလျှင် စုစုပေါင်းကူးစက် ခံရသူအရေအတွက်မှာ ၈၆၄၀၅၃ ဦးရှိပြီး သေဆုံးသူစုစုပေါင်းမှာ ၂၁၁၉၄ ဦး ရှိသည်။
တစ်နိုင်ငံလုံးအနှံ့ ပြန်လည်ကျန်းမာလာသည့် ကိုဗစ် -၁၉ လူနာပေါင်း ၇၉၁၈၄၄ ဦး ရှိသည်။ ကိုဗစ် -၁၉ ကာကွယ်ဆေး အလုံးရေ ၆၂ သန်းနီးပါးကို ထိုးနှံပေးပြီးဖြစ်ကြောင်းလည်း ကျန်းမာရေးဝန်ကြီးဌာနက ပြောသည်။
ဆင်ဟွာ