ဘရူနိုင်းနိုင်ငံ၌ ကိုဗစ်-၁၉ လူနာ ၁၁၀၄၇ ဦးရှိ 


 

ဘန်ဒါဆီရီဘီဂါဝန် အောက်တိုဘာ ၁၈


ဘရူနိုင်းနိုင်ငံတွင် အောက်တိုဘာ ၁၈ ရက်က  ကိုဗစ်-၁၉ ထပ်မံ ကူးစက်သူ ၁၈၇ ဦးတိုးလာသောကြောင့် စုစုပေါင်း နိုင်ငံအတွင်း ကိုဗစ်-၁၉ ကူးစက်သူပေါင်း ၁၁၀၄၇ ဦးအထိရှိလာခဲ့သည်။ 
ကိုဗစ်-၁၉ ထပ်မံကူးစက်သူအားလုံးသည် ပြည်တွင်းကူးစက်ခံရသူများဖြစ်ကြောင်း ဘရူနိုင်းကျန်းမာရေးဝန်ကြီးဌာန၏  သတင်း ထုတ်ပြန်ချက်အရ သိရသည်။ ရောဂါခြေချုပ်စင်တာတွင်  ကြီးကြပ်ကုသ မှုခံယူနေသော  လက်ရှိ ကိုဗစ်-၁၉ ကူးစက်သူ ၂၇၂၈ ဦးရှိသည်။ ကိုဗစ်-၁၉ ကူးစက်မှုမှ ပြန်လည်ကောင်းမွန်လာသူပေါင်း ၈၂၄၂  ဦးရှိသည်။
ဘော်နီယိုကျွန်းတွင်တည်ရှိသည့် ပသီဘုရင်အုပ်စိုးရာနိုင်ငံတွင် ကိုဗစ်-၁၉ စတင်ဖြစ်ပွားချိန်မှစကာ ယခုအချိန်အထိ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူပေါင်းမှာ ၇၇ ဦးအထိ ရှိလာပြီဖြစ်သည်။              ဆင်ဟွာ